Panasonic ရဲ့နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲ

Panasonic (Article Img Size Landscape, Normal Feature) copy Panasonic Asia Pacific Pte Limited က ပြုလုပ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel မှာ ကျင်းပခဲ့ပါ တယ်။ နှစ် ၄၀ မြောက် ဂျပန်-မြန်မာချစ်ကြည်ရင်းနှီးမှုပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံရဲ့လူမှုရေးဆိုင်ရာအဖွဲ့အစည်း ငါးဖွဲ့ကို ဆိုလာမီးအိမ်အလုံး နှစ်ထောင် လှူဒါန်းခဲ့ပါတယ်။ မီးအိမ်မှာ 3.5 WAH ဘက်ထရီနဲ့ ချိတ်ဆက်ထားတဲ့ဆိုလာပြားပါရှိတဲ့အတွက် နေရောင်ခြည်နဲ့ အားသွင်းနိုင်ပြီး ညအချိန်မှာ မီးအလင်းရောင်အဖြစ်သာမက ဓာတ်အား အရင်းအမြစ်အဖြစ်လည်း အသုံးပြုနိုင် ပါတယ်။ ဒါအပြင် USB Port ပါရှိ တာကြောင့်USB ကြိုးကတစ်ဆင့် အားသွင်းလို့ရတဲ့ပစ္စည်းတွေအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။ အဆိုပါမီးအိမ်ကို ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ စတင်ရရှိမယ်လို့ ဆိုပါတယ်။