Oxford Business Group က The Report Myanmar 2014

article landscape wartermark final လန်ဒန်အခြေစိုက် Oxford Business Group (OBG)  နဲ့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) တို့ ပူပေါင်းကျင်းပတဲ့ Oxford Business Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ The Report Myanmar 2014 ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က နေပြည်တော်ရှိ MICC မှာကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အမှာစကားပြာကြားခဲ့ပါတယ်။ အခမ်းအနားမှာ Oxford Business Group ရဲ့ CEO Mr Andrew Jeffreys နဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး OBG ရဲ့ Regional Editor Mr Paulius Kuncinas က The Report Myanmar 2014 နဲ့ ပတ်သက်ပြီး ရျင်းလင်းတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ များစွာမြင့်တက်ခဲ့ပြီး ဆက်သွယ် ရေး၊ ဘဏ်လုပ်ငန်းနဲ့ စွမ်းအင်ကဏ္ဍတွေမှာ အံ့သြဖွယ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တာ မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်တဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုမြင်ကွင်းကို ထင်ဟပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ Mr Andrew Jeffreys ကလည်း အာဆီယံစီးပွားရေး အသိုက်အဝန်းရဲ့ ဒေသတွင်းပေါင်းစည်းမှု ဦးတည်ချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုချောမွေ့စေမှာဖြစ် ကြောင်း၊ OBG ရဲ့ ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာဟာ ရင်းနှီးမြှပ်နှံသူတွေအတွက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဖော်ပြပေးထားပြီး စာဖတ်ပရိတ်သတ်တွေကို သေချာပေါက်ဆွဲဆောင်နိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ သက်ဆိုင်ရာကဏ္ဍအလိုက်ဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကိုလည်း ဖော်ပြပေးထားပြီး နိုင်ငံတ ကာ အထင်ကရပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အမေရိကန်သမ္မတ Barack Obama၊ တရုတ်သမ္မတ Xi Jinping နဲ့ အာဆီယံအတွင်းရေး မှုးချုပ် Le Luong Minh တို့ရဲ့ ပံ့ပိုးမှုတွေလည်း ပါဝင်ပါတယ်။