Organize Tomorrow Today

Organize Tomorrow Today:

8 Ways to Retrain Your Mind to Optimize Performance at Work and in Life

Organize

ရေးသူများ - Jason Selk, Tom Bartow and Matthew Rudy

စာမျက်နှာ - ၂၄၀ မျက်နှာ၊ ကတ်ထူဖုံး

ထုတ်ဝေသူ - Da Capo Lifelong Books (22-12-15)

အရွယ်အစား -  ၈.၃" x ၅.၇" x ၁*

ISBN-10: 0738218693

ISBN-13: 978-0738218694

သင်ဟာ အကျိုးရှိတဲ့အလုပ်တွေ များများပြီးမြောက်အောင် လုပ်နိုင်ရေးအတွက် စာအုပ်တွေ၊ ဆောင်းပါးတွေတော့ ဖတ်ဖူးထားပါရဲ့။ ဒါပေမဲ့ အလုပ်မဖြစ်ဘူး ဖြစ်နေပါသလား။ ဒီစာအုပ်ထဲမှာတော့ စာရေးဆရာတွေက အလုပ်တွေပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျိုးကြောင်းဆီလျော်စွာ တင်ပြထားပါတယ်။ ကျွမ်းကျင်မှုဆိုတာ တစ်ကြိမ်မှာ တစ်ခုကိုသာ အာရုံစိုက်ပြီး ဖြည်းဖြည်းချင်း ထပ်တလဲလဲ လုပ်လို့ရတာမျိုး ဖြစ်တယ်။ ကျွမ်းကျင်ချင်တာတွေ အများကြီးကို မရမကရအောင် အတင်းကြိုးစားနေခြင်းဖြင့် ကျွမ်းကျင်မှုကို မရနိုင်ပါဘူး။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့နည်းတွေကတော့ တစ်ကြိမ်မှာတစ်မျိုးတည်းကိုသာ အာရုံစိုက်ရမှာဖြစ်ပြီးပြီးတဲ့အထိ တာဝန်ယူလုပ်ကိုင်ရတဲ့ နည်းတွေဖြစ်တယ်။

ဒီစာအုပ်ထဲမှာ အောက်ပါတို့ကို ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ လိုတယ်ဆိုတဲ့ အယူအဆတွေကို တင်ပြထားတယ်။

- မနက်ဖြန်လုပ်ရမယ့်အလုပ်ကို ဒီနေ့ စနစ်တကျ စီစဉ်ထားပါ။

- မှန်မှန်ကန်ကန် ရွေးချယ်လုပ်ကိုင်ပါ။

- ကိုယ်သဘောကျ သတ်မှတ်ထားတဲ့အချိန်ကို အတတ်နိုင်ဆုံးအကျိုးရှိအောင် သုံးပါ။

- အရည်အသွေးကို မှန်မှန်ကန်ကန် စိစစ်သတ်မှတ်ပါ။

- မိမိကိုယ်ကိုယ်မိမိ ဘယ်လိုပြောရမလဲဆိုတာ သိအောင်လုပ်ပါ။

- သူများတွေနဲ့ ဘယ်လိုဆွေးနွေးပြောဆိုရမလဲဆိုတာ သိအောင်လုပ်ပါ။

- သူများတွေနဲ့မတူ တစ်မူထူးခြားအောင် ဆောင်ရွက်လုပ်ကိုင်ပါ။

သိထားရုံ၊ အတွေးအမြင်ရှိထားရုံနဲ့ ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ သိတဲ့အတိုင်းလုပ်ရင် ပြောင်းလဲလာနိုင်ပါတယ်လို့ သိရပါတယ်။

စာရေးသူတွေထဲက Dr Jason Selk ဟာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဘေ့စ်ဘောအားကစားအသင်းမှာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးတဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်ပြီး အရောင်းရဆုံးစာအုပ်တွေဖြစ်တဲ့ Ten Minutes Toughness နဲ့ Executive Toughness ကလည်း ထင်ရှားတဲ့ ဘတ်စကက်ဘောမိတ်ဆွေဆီကရတဲ့ အယူအဆတွေကို သုံးပြီး လေ့ကျင့်ရေးအစီအစဉ်တွေကို ဖန်တီးပေးခဲ့တယ်။ Malthew Rudy ကတော့ ဂေါက်သီးအားကစား၊ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်း ၂၃ အုပ်ကို ရေးသားခဲ့သူဖြစ်ပါတယ်။