Ooredoo မြန်မာရဲ့ MICT Park ရှိ ရုံးချုပ်မှာ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack အပါအဝင် ကုမ္ပဏီရှိ အရာရှိများက အမေရိကန် ပြည်ထောင်စုမှ ကိုယ်စားလှယ်များ အလည်လာရောက်ခြင်းကို ယခင်သတင်းပတ်များ အတွင်း နွေးထွေးစွာ ဧည့်ခံ တွေ့ဆုံခဲ့ကြောင်း Ooredoo မြန်မာက မေလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲမှာ ပါဝင်ဆွေးနွေးသူများမှာ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများ အပါအဝင် အမေရိကန် ပြည်ထောင်စုမှ လူမှုရေးရာများဆိုင်ရာ စွန့်ဦး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှပ်နှံသူများ နှင့် အများအကျိုးအတွက် ပရဟိတ ဒါနရှင်များ ဖြစ်ကြောင်း သိရပါသည်။ ကိုယ်စားလှယ် အဖွဲ့ဖြစ်မြောက်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဌာနမှ တာဝန်ရှိသူများ ၊ အပြည်ပြည်ဆိုင်ရာ စီးပွါးရေး ချိတ်ဆက်ခြင်းများ အတွက် The Richardson ဗဟို နှင့် The Aspen သိပ္ပံ များ ညှိနှိုင်းဆောင်ရွက် ကြခြင်းဖြစ်ကြောင်းလည်း သိရပါသည်။
အဆိုပါ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရှိ ကုန်ကူးသန်းရောင်းဝယ်ရေး နှင့် ရင်းနှီးမြှပ်နှံမှုများ နှင့် ပါတ်သတ်၍ အမေရိကန်ပြည်ထောင်စု၏ စီးပွါးရေး ပိတ်ပင်မှုများ ကိုဖယ်ရှားပြီးသွားသော အခါတွင် ပေါ်ပေါက်လာသော စီးပွါးရေး နှင့် လူမှုရေးရာ အခွင့်အလမ်းများ ကို အလေးထား ဆွေးနွေးကြကြောင်း၊ င်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ တည်ကြည်ခိုင်မာသော ဒီမိုကရေစီ နည်းလမ်းတကျ ပြောင်းလည်း နိုင်ရေးလမ်းစဉ် သည် မြန်မာပြည် အကြီးအကျယ် ပြောင်းလည်း တိုးတက်ရေး ၏ ရှေ့ပြေးနိမတ်ပုံရိပ်ပင်ဖြစ်ကြောင်း၊ အသေးစား လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအား ရိုးရာအစဉ်အလာ ဘောင်အတွင်းတွင် တိုးတက်ကြီးထွားစေရေး ၊ အလုပ်သမားအားကို အခြေခံပြီး လည်ပတ်သော အသေးစား လုပ်ငန်းများ အကြောင်း စသည်များ ကို အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါသည်။
![article landscape wartermark final](http://www.ceo-myanmar.com/wp-content/uploads/2014/05/article-landscape-wartermark-final40.png)