စားသောက်ဖွယ်ရာ Menu စုံလင်စွာနဲ့ Wine တွေကို သင့်တော်တဲ့ဈေးနှုန်းနဲ့ စားသောက်ချင်သူတွေအတွက် ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းမှာရှိတဲ့ Onyx Restaurant အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် . . .
အမှတ် ၁၂ B ၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၁-၅၄၂၅၄၃၊ ၀၉-၂၅၄၁၅၈၁၆၇၊ ၀၉၅၀၇၁၈၄၇ တို့ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
ဆိုင်ဖွင့်ချိန်က မနက် ၁၁ နာရီကနေ ည ၁၁ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပါတယ်။
စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက် . . .
ဆိုင်အသစ်ကတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Steak နဲ့ Wine ကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ဈေးနှုန်းတွေနဲ့ ရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။
ဝန်ဆောင်မှု . . .
ကိုရီးယားဆိုင်ရှင်၊ မန်နေဂျာတွေကိုယ်တိုင် Service ပေးပါတယ်။ ဝန်ထမ်းတွေကိုလည်း Control လုပ်ထားပါတယ်။ အတတ်နိုင်ဆုံး Customer တွေ Satisfy ဖြစ်အောင် ဝန်ဆောင်မှုပေးပါတယ်။
[caption id="attachment_25606" align="alignnone" width="576"]Pork Chop (8500k)[/caption]
ရနိုင်တဲ့ Menu တွေက . . .
အထူးသဖြင့် Salads ၊ Steak ၊ Pasta နဲ့ Wine တွေ ရရှိနိုင်ပါတယ်။ Beef နဲ့ ပတ်သက်ပြီး Individual ရနိုင်တာတွေက Tenderloin ၊ Sirloin ၊ Farmer Steak ၊ Minced နဲ့ Veal Sausage တွေလည်း ရနိုင်ပါတယ်။ Pork နဲ့ပတ်သက်ပြီးတော့ Pork Chop ၊ Pork Rib နဲ့ ဂျာမန်စတိုင်လ် Pork Knuckel တွေရနိုင်ပါတယ်။ Wine ဆိုရင်လည်း House Wine ကို South Africa သုံးပါတယ်။ ဈေးနှုန်းသင့်တော်ပြီး Customer တွေ ကြိုက်နှစ်သက်မယ့် Wine မျိုးကိုတင်ပါတယ်။ Bottle Wine လည်းရှိပါတယ်။ အများဆုံး၂၅,၀၀၀၊ သုံးသောင်းဝန်းကျင်ပါ။ Spaghetti နဲ့ကိုယ်တိုင်ပြုလုပ်ထားတဲ့ Sandwiches တွေလည်း ရရှိနိုင်ပါတယ်။ ၂၅ ယောက်နဲ့ အထက်ဆိုရင် ဘူဖေးတွေလည်း ရရှိနိုင်ပါတယ်။
[caption id="attachment_25608" align="alignnone" width="576"]Filet (whole) 20,000 K[/caption]
ဈေးနှုန်းအပိုင်း . . .
Steak ဆိုရင်တော့ ပျမ်းမျှအားဖြင့် အနည်းဆုံးက ၆,၅၀၀ ကျပ်၊ Whole Filet ဆိုရင်တော့ နှစ်သောင်းကျပ်ပါ။
[caption id="attachment_25607" align="alignnone" width="576"]Tenderloin Steak (8500k)[/caption]
အနာဂတ်အစီအစဉ် . . .
နောက်ဆိုရင် Customer တွေပိုပြီးတော့ လာစေချင်ပါတယ်။ ဒီထက်ပိုပြီး အောင်မြင်လာရင်လည်း ဆိုင်ခွဲတွေ ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။ Wine တွေကိုလည်း အသစ်တွေတင်ပြီး Customer တွေကို များများ ရွေးချယ်နိုင်အောင် လုပ်ပေးချင်ပါတယ်။
ဒီထက်ကြီးတဲ့ Wine ကောင်တာနဲ့ Customer တွေ Choice လုပ်ရတာ အဆင်ပြေအောင်လုပ်ဖို့ စဉ်းစားထားပါတယ်။
သန္တာညွှန့်ဝင်း