Rocket Internet ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ kaymu.com.mm တွင် Online Wholesale Marketplace ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်က ရန်ကုန်မြို့ Central Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ Kaymu Myanmar ရဲ့ Country Manager Mr Max Langer မှ Online Wholesale Marketplace နှင့်ပတ်သက်ပြီးရှင်းလင်းပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံက online shopping ပြုလုပ်နေသူ၊ online shop စတင်ဖွင့်လှစ်မယ့်သူများအတွက် ဈေးကွက်လျှင်လျှင်မြန်မြန်ထိုးဖောက်နိုင်ဖို့၊ ငွေလည်ပတ်မှုပိုမိုလျှင်မြန်စေဖို့ စတာတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို online လက္ကားဈေးကွက်စတင်ခဲ့ပြီးရက်အချို့အကြာမှာ ဝင်ရောက်ကြည့်ရှုသူပေါင်း ၃၀၀၀ကျော်ရှိနေပြီး Product ပေါင်း ၇၃၀ ကျော်ပြသရောင်းချထားတာဖြစ်ကာ နောက်ထပ်လည်းတိုးလာဖို့ရှိကြောင်း သိရပါတယ်။ Online လက္ကားဈေးကွက်တစ်ခုရဲ့ အားသာချက်တွေအနေနဲ့ product တွေ သွားရောက်ကြည့်ရှုရတဲ့အချိန်သက်သာတာ၊ product ဈေးနှုန်းတွေကို တစ်နေရာတည်းမှာ နှိုင်းယှဉ်ကြည့်တာ၊ မြန်မာနိုင်ငံနေရာအနှံ့ကနေ product တွေကို ကြည့်ရှုနိုင်တာ စသဖြင့်ရှိကြောင်း၊ အပြင်လက္ကားဈေးကွက်ထက် ဈေးပိုသက်သက်သာသာဖြစ်အောင်လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။ Kaymu Online Wholesale Marketplace အကြောင်း အသေးစိတ်သိချင်ရင်တော့
http://kaymu.com.mm/wholesale မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ပွဲမှာ ဇူလိုင်လ တစ်ရက်ကနေ ၃၀ရက်အထိ ပြုလုပ်ခဲ့တဲ့ Kaymu ရဲ့ Facebook Campaign တစ်ခုတဲ့ The Game မှ ဆုရရှိခဲ့သူမှာ မသက်ထက်စံဖြစ်ကြောင်းကိုလည်း ကြေငြာခဲ့ပါတယ်။ မသက်ထက်စံမှ ဆုကြေးအဖြစ်ရရှိတဲ့ တစ်လအတွင်း ၁၀သိန်းဖိုး ဈေးဝယ်ခွင့်ထဲမှ ရေဘေးသင့်ပြည်သူတွေအတွက် ဒေါ်လာ ၁၀၀ လှူဒါန်းခဲ့ကြောင်း၊ Kaymu မှလည်း ရေဘေးသင့်ပြည်သူတွေအတွက် ဒေါ်လာ ၁၀၀ ပါဝင်လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် အွန်လိုင်းကနေ တစ်ဆင့်လှူဒါန်းသွားနိုင်မယ့် အစီအစဉ်တစ်ခု ကို Kaymu မှပြုလုပ်ထားပြီး လှူဒါန်းလိုသူတွေအနေနဲ့
http://kaymu.com.mm/savemyanmar မှတစ်ဆင့် သတ်မှတ်ထားသော listing များထဲမှ Kaymu ကနေပစ္စည်းဝယ်ယူတဲ့ ပုံစံအတိုင်းပါဝင်လှူဒါန်းသွားနိုင်မှာဖြစ်ကြောင်း၊ ဒီလိုပါဝင်လှူဒါန်းမှုတွေအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သွားမယ့်အပြင်၊ အိမ်တိုင်ရာရောက် ငွေကောက်ခံပေးသွားမှာဖြစ်ကြောင်း ၊ ရရှိသော အလှူငွေများကို မြန်မာနိုင်ငံရှိ ရေဘေးဒုက္ခကယ်ဆယ်ရေးအတွက် ရည်ညွှန်းပြုလုပ်နေတဲ့ Save the Children (NGO) ၊ Facebook Fundraiser Campaign တို့မှာ ထည့်ဝင်လှူဒါန်းပေးသွားမှာဖြစ်ကြောင်း စသဖြင့် သိရှိရပါတယ်။ အသေးစိတ်ကိုတော့
https://www.facebook.com/myanmarfloodrelief/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။