Olea Mediterranean Restaurant

Olea2

ဆိုင်တည်နေရာ၊ ဆက်သွယ်နိုင်မယ့် ဖုန်းနဲ့စတင်ဖွင့်လှစ်ခဲ့တဲ့ ခုနှစ် . . .

Melia Hotel ပထမထပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်း ၀၁-၉၃၄၅၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။ ဆိုင်ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

Olea က Dinner Only ဖြစ်တဲ့အတွက် ဆိုင်ဖွင့်ချိန်တွေက တနင်္လာနေ့ကနေ သောကြာနေ့အထိ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိဖွင့်ပြီး စနေ၊ တနင်္ဂနွေနေ့မှာတော့ ညနေ ၃ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။

Olea1

Olea ရဲ့အဓိပ္ပာယ် . . .

Olea ဆိုတာက လက်တင်ဘာသာစကားဖြစ်ပြီး Olive (သံလွင်သီး) ကို ပြောတာပါ။ Olive က မြေထဲပင်လယ်ဒေသ အစားအစာတွေမှာ အဓိက Ingredient တစ်ခုဖြစ်ပြီး မြေထဲပင်လယ် အစားအသောက်တွေတိုင်းမှာ သံလွင်ဆီကိုပဲ သုံးကြပါတယ်။

Olea3 Olea5

Menu တွေက . . .

Mediterranean လို့ ဆိုတဲ့အတိုင်း မြေထဲပင်လယ်ဒေသတွေဖြစ်တဲ့ စပိန်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ မြောက်အာဖရိက စတဲ့ ဒေသတွေက အစားအစာတွေရပါတယ်။ ပင်လယ်စာ၊ အသား၊ ငါး၊ အသီးအရွက်တွေနဲ့ မြေထဲပင်လယ်အစားအစာ စုံလင်စွာ ရနိုင်ပါတယ်။

Olea မှာ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ နိုင်ငံကိုးနိုင်ငံက ဝိုင်တွေလည်း ရနိုင်ပါတယ်။ Red Wine ၊ White Wine ၊ Sparkling Wine နဲ့ Rose Wine စတဲ့ ဝိုင်တွေနဲ့ နာမည်ကြီးဒေသတွေက ထွက်တဲ့ ဝိုင်အမျိုးအစားပေါင်း ၁၂၀ ကျော် ရှိပါတယ်။

Olea6

ဆိုင်ရဲ့ဝန်ဆောင်မှု . . .

ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေက ဖော်ရွေစွာနဲ့ မြေထဲပင်လယ်အစားအစာတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ရှင်းပြပေးနိုင်ကြပါတယ်။ ဒီအစားအစာတွေနဲ့ အကျွမ်းတဝင် မရှိရင်လည်း အဆင်ပြေမယ့် ဟင်းပွဲတွေကို Recommend ပေးတတ်ပါတယ်။ ဟင်းပွဲတွေမရခင်မှာ ပေါင်မုန့်နဲ့ မြေထဲပင်လယ်အစားအစာရဲ့ အဓိက Ingredient ဖြစ်တဲ့ သံလွင်သီး၊ သံလွင်ဆီတွေနဲ့ လုပ်ထားတဲ့ တို့စရာလေးတွေနဲ့ အရင်ဆုံး Serve လုပ်ပါတယ်။

ဆိုင်ရဲ့ထူးခြားချက် . . .

Olea ရဲ့ ထူးခြားချက်က ဟင်းပွဲတိုင်းမှာ သံလွင်ဆီကို အဓိကသုံးထားပြီး သံလွင်ဆီက ကျန်းမာရေးအတွက် အင်မတန်ကောင်းတဲ့ဆီ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ Mediterranean Restarurant လို့ ဆိုတဲ့အတိုင်း Olea ရဲ့ အပြင်အဆင်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို မြေထဲပင်လယ်ဒေသတွေက ရိုးရာပုံစံလေးတွေအတိုင်း ပြင်ထားပါတယ်။

Olea4

ဈေးနှုန်းတွေက . . .

ဟင်းပွဲတွေကတော့ ခြောက်ဒေါ်လာကနေ အများဆုံး ဒေါ်လာသုံးဆယ်အထိ ရှိပါတယ်။ ဝိုင်ဈေးနှုန်းတွေက တစ်ပုလင်းကို ၃၂ ဒေါ်လာကနေ ဒေါ်လာ ၂,၁၀၀ လောက်အထိ ရှိပါတယ်။ Menu တွေ အားလုံးကို ဒေါ်လာနဲ့ပဲ သတ်မှတ်ပေးထားပြီး မြန်မာကျပ်ငွေနဲ့ ရှင်းမယ်ဆိုရင် အဲဒီနေ့ရဲ့ ဒေါ်လာပေါက်ဈေးအတိုင်း ယူပါတယ်။

အနာဂတ်အစီအစဉ် . . .

Olea မှာ Event တွေလုပ်ပြီး Promotion တွေ လုပ်သွားဖို့ ရှိပါတယ်။ Event တွေ လုပ်ချင်တယ်ဆိုရင်လည်း လက်ခံသွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာ Wine Party ၊ Cocktail Party တွေလည်း လုပ်သွားပါမယ်။