Old Town White Coffee

မလေးရှားအစားအစာကို အဓိကထားရောင်းချပေးနေပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အေးဆေးဆေးဆေး စကားပြောဆွေးနွေးလို့ကောင်းတဲ့ Old Town White Coffee ဆိုင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

oldtown1

စတင်ဖွင့်လှစ်ဖြစ်ပုံ . . .

စင်ကာပူမှာနေတဲ့ မြန်မာလူမျိုးအများစုနဲ့ မလေးရှားမှာနေတဲ့ မြန်မာလူမျိုးအများစုပါ အကျွမ်းတဝင်ရှိနေပြီးသားဖြစ်တာကြောင့် Old Town White Coffee ဆိုင်ကို မြန်မာနိုင်ငံအတွက် ဖရန်ချိုက်စ်ယူပြီး ဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

oldtown3

Menu . . .

မလေးရှားအစားအစာအမျိုးမျိုး အဓိကရရှိနိုင်ပါတယ်။ လူကြိုက်များတဲ့ Nasi Lemak ၊ မလေးရှားခေါက်ဆွဲတွေနဲ့ Toast အမျိုးမျိုးရနိုင်ပါတယ်။ Kaya Butter Toast/ Peanut Butter Toast တွေလို စင်ကာပူ၊ မလေးရှားတို့မှာ လူကြိုက်များတဲ့ Toast တွေက မြန်မာနိုင်ငံက စားသုံးသူတွေနဲ့လည်း အတော်ရင်းနှီးပြီးသားဖြစ်ပါတယ်။ Old Town ရဲ့ မြန်မာ Menu ထဲမှာတော့ Bak Kut The ဆိုတဲ့ ဟင်းပွဲတစ်မျိုးကိုလည်း  ထည့်သွင်းပေးထားပါတယ်။

ထူးခြားတဲ့ဟင်းပွဲတွေအနေနဲ့ကတော့ Nasi Lemak ပါ။ Nasi Lemak ကိုဆိုရင် အမျိုးမျိုးဖြစ်အောင် လုပ်ထားတယ်။ ဆနွင်းနဲ့နယ်ထားတဲ့ ကြက်ကြော်၊ Rending ဆိုတဲ့ မလေးရှားက ဟင်းအနှစ်၊ ရိုးရိုး Fried Chicken ၊ Curry Chicken ၊ Spicy Tomato Chicken စသဖြင့် ရွေးချယ်နိုင်အောင်လုပ်ပေးထားတာပါ။ Curry Mee တို့၊ Ipon Chicken Hor Fun တို့ဖြစ်တဲ့ သူတို့နိုင်ငံရဲ့ Favorite Menu တွေလည်းရပါတယ်။

စဖွင့်ကတည်းက ရောင်းအားအကောင်းဆုံးကတော့ Nasi Lemak ဖြစ်တယ်လို့သိရပြီး Bak Kut The ၊ Toast နဲ့ White Coffee ကလည်း တော်တော်လေးရောင်းရတယ်လို့ သိရပါတယ်။

ထူးခြားတဲ့အစီအစဉ်တွေ . . .

ဆိုင်နှစ်ဆိုင်လုံးဖွင့်ထားပြီးချိန်ဖြစ်တော့ Promotion လေး စလုပ်ထားတယ်။ Coffee တစ်ခွက်သောက်ရင် တစ်ခွက် Free ၊ ပြီးတော့ Main Course မှာလို့ရှိရင် Menu ထဲမှာပါတဲ့ Venvage ထဲက ဘယ်ဟာပဲသောက်သောက် ၅၀ ရာခိုင်နှုန်း Discount ဆိုပြီး ပေးထားပါတယ်။

oldtown2

ဆိုင်ကိုလာအားပေးတဲ့သူတွေ . . .

Breakfast ၊ Lunch and Tea Time တွေမှာ နိုင်ငံခြားသားတွေ အလာများပါတယ်။ ဆိုင်က ယောမင်းကြီးလမ်းနဲ့ Junction City နှစ်နေရာမှာရှိပြီး အဲဒီနေရာတွေကလည်း ကုမ္ပဏီရုံးခန်းတွေ တော်တော်များများရှိတဲ့နေရာဖြစ်နေတာကြောင့်လည်း ပါပါတယ်။

အနာဂတ်အစီအစဉ် . . .

နောက်ထပ်ဆိုင်ခွဲတွေ အများကြီးထပ်ဖွင့်သွားဖို့ အစီအစဉ်ရှိပါတယ်။

oldtown4

ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန် . . .

ယောမင်းကြီးလမ်း-မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ၊ Junction City ဆိုတော့ မနက် ၉- ည ၉ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

ဆိုင်လိပ်စာ . . .

ဆိုင်ခွဲ (၁) - အမှတ် ၃၀ (အေ) ၊ ယောမင်းကြီးလမ်း၊ ရန်ကုန်မြို့။

ဆိုင်ခွဲ (၂) - Junction City ၊ ဒုတိယထပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၉-၄၂၅၀၉၉၁၃၄