News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Oil&Gas 2014 Myanmar ကျင်းပပြုလုပ်
Editorial
October 15, 2014
Local News
News
Oil&Gas 2014 Myanmar (လောင်စာဆီနဲ့ ဓာတ်ငွေ့တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်းဆိုင်ရာ ပြပွဲ) ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ပြီး ၁၇ ရက်နေ့အထိ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်နေပါတယ်။ သုံးရက်တာကျင်းပမယ့် ဒီပွဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပြသသူပေါင်း ၁၃၀ ကျော် ဝင်ရောက်ပြသပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆက်စပ်အကြောင်းအရာတွေအတွက် မြန်မာနိုင်ငံနဲ့ အာရှတစ်လွှားမှ လုပ်ငန်းရှင်၊ ပညာရှင်တို့နဲ့ ပါဝင်ဆွေးနွေးနိုင်မယ့် Oil&Gas Myanmar Conference 2014 ကို ၁၆ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Conference မှာ မြန်မာ့ကမ်းနီးနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေရဲ့ ရှေ့အလားအလာ၊ နောက်ဆုံးအခြေအနေများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု၊ မြေငလျင်ဆိုင်ရာအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ လူမှုဝန်းကျင်ဆိုင်ရာ အန္တရာယ်များ စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း