Oil&Gas 2014 Myanmar ကျင်းပပြုလုပ်

Oil&Gas 2014 Myanmar (လောင်စာဆီနဲ့ ဓာတ်ငွေ့တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်းဆိုင်ရာ ပြပွဲ) ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ပြီး ၁၇ ရက်နေ့အထိ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်နေပါတယ်။ သုံးရက်တာကျင်းပမယ့် ဒီပွဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပြသသူပေါင်း ၁၃၀ ကျော် ဝင်ရောက်ပြသပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆက်စပ်အကြောင်းအရာတွေအတွက် မြန်မာနိုင်ငံနဲ့ အာရှတစ်လွှားမှ လုပ်ငန်းရှင်၊  ပညာရှင်တို့နဲ့ ပါဝင်ဆွေးနွေးနိုင်မယ့် Oil&Gas Myanmar Conference 2014 ကို ၁၆ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Conference မှာ  မြန်မာ့ကမ်းနီးနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေရဲ့ ရှေ့အလားအလာ၊ နောက်ဆုံးအခြေအနေများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု၊ မြေငလျင်ဆိုင်ရာအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ လူမှုဝန်းကျင်ဆိုင်ရာ အန္တရာယ်များ စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ Oil & Gas 5 DSCN1073 DSCN1074 DSCN1079 DSCN1057 DSCN1060