Oil & Gas 2015 Myanmar ပွဲကြို သတင်းစာရှင်းလင်းပွဲ

oilandgas5

oilandgas3

oilandgas2

မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက်ကျင်းပမယ့် လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ ထုတ်လုပ်ရေး နဲ့ သန့်စင်ရေးပြပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က မင်းရဲ ကျော်စွာလမ်းရှိ UMFCCI ရုံးမှာ ကျင်းပခဲ့ပါတယ်။     မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက ကနဦး အဆင့်ပဲရှိသေးတဲ့အတွက် ပြည်တွင်းကုမ္မဏီတွေအနေနဲ့လည်း နည်းပညာတွေ၊ လူ့စွမ်းအား အရင်းအမြစ် အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သလို ပြည်တွင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ပညာရှင်တွေအနေနဲ့ ဒီပြပွဲ ကနေ အသုံးဝင်မယ့် ဗဟုသုတနဲ့ အဆက်အသွယ် ရရှိမှာပါလို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝန်ဆောင် မှုလုပ်ငန်းများအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်ကျော်လှိုင်က ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဒီပြပွဲမှာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ရှာဖွေရေး၊ ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာနဲ့ ဝန်ဆောင်မှုတွေကို ပြသသွားမှာဖြစ်ပြီး သြစတေးလျ၊ တရုတ်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန် နဲ့ အင်္ဂလန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက အဖွဲ့ ၄၅ ဖွဲ့ ပါဝင်ပြသမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲကို ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်ကနေ ၁၇ ရက်ထိ Myanmar Event Park မှာပြသမှာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ဘဏ္ဍာရေးဆိုင်ရာ အတွေးအမြင်ဆွေးနွေးပွဲကိုလည်း MOGE၊ GE Oil & Gas ၊ Yoma Strategies၊ PT Brunei၊ Total၊United Engineering ၊ Sapura Kencana တွေက ကျွမ်းကျင်ပညာရှင်တွေ ဆွေးနွေးဟောပြော သွားမယ်လို့လည်း သိရပါတယ်။

oilandgas4

oilandgas1