ဆုံးဖြတ်ချက်ချသူများလေ့လာရန် စာအုပ် ၄ အုပ်

octbook1

1. Thank You For Being Late by Thomas L. Friedman

Friedman ရေးသားသည့် ၂၁ ရာစုအတွက် လက်တွေ့လမ်းညွှန်ဖြစ်သည်။ ကြီးကျယ်တာတစ်ခုခုဖြစ်နေပြီဆိုတာ ကျွန်တော်တို့သိကြသည်။ ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ ခံစားရသည်။ ကျွန်တော်တို့ ကလေးများနှင့် စကားပြောသောအခါ ခံစားရသည်။

ကျွန်တော်တို့၏ ဘဝများမှာ အခြားသောလော ကပေါင်းများစွာကြောင့် တစ်ပြိုင်တည်းပြောင်းလဲလျက်ရှိပြီး ၎င်းမှာ မူးနောက်ရီဝေစရာကောင်းလှသည်။ ဤစာအုပ်မှာ ဤအရှိန်အဟုန်များ၏ ခေတ်ကြီးနှင့်ပတ်သက်၍ စဉ်းစားတွေးခေါ်ဖို့အတွက် လက်တွေ့လမ်းညွှန်အဖြစ် အသုံးဝင်သည်။ Friedman မှာ အရောင်းရဆုံးစာအုပ် Lexus and the Olive Tree နှင့် The World is Flat တို့ကို ပြုစုခဲ့သူဖြစ်သည်။

octbook2

2.Getting to "Yes And" The Art of Business Improv by Bob Kulhan (with Chuck Crisafulli)

သိမြင်မှုနှင့် လူမှုရေးစိတ်ပညာ၊ အပြုအမူဘောဂဗေဒနှင့် ပြောဆိုဆက်သွယ်မှုတို့၏ စည်းကမ်းစည်းမျဉ်းများကို မှီငြမ်း၍ လက်တန်းဖန်တီးမှုပညာရှင်၊ တက္ကသိုလ်ပါမောက္ခနှင့် စီအီးအို Kulhan နှင့် အတိုင်ပင်ခံ Crisafulli တို့က စီးပွားရေးလုပ်ငန်း၏ သမားရိုးကျအဆန်ဆုံး စိန်ခေါ်မှုများကို အမြင်သစ်နှင့်ပွင့်လင်းမှုအသစ်တို့ဖြင့် စဉ်းစားချဉ်းကပ်တတ်အောင် ဤစာအုပ်၌ လမ်းညွှန်ပေးထားကြ သည်။ "Yes, and" (ဟုတ်ကဲ့ ...နောက်ပြီးတော့) ချဉ်းကပ်နည်းကွဲလွဲမှုနှင့် တူညီမှုတွေးခေါ်နည်းတို့ကို နည်းပညာများနှင့် ဖြစ်တည်မှုအပေါ် အာရုံစိုက်ခြင်းတို့က အကျိုးအမြတ်ရှိသော အစည်းအဝေးများ၊ ပိုမြန်သောဆုံးဖြတ်ချက်များ၊ ပိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ၊ အပြုသဘောဆောင်ပဋိပက္ခဆုံးဖြတ်မှု ဂရုစိုက်တတ်မှုတို့အဖြစ် ပြောင်းလဲသွားနိုင်ပုံကို Kulhan က တင်ပြထားသည်။

octbook3

3.Hacking Growth by Sean Ellis & Morgan Brown

Facebook ၊ Airbnb ၊ LinkedIn နှင့် Uber စသော ကုမ္ပဏီငယ်လေးများ ယနေ့ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများအဖြစ် မည်သို့ဖြစ်လာကြသနည်း။ ၎င်းတို့ အလွန့်အလွန်ကောင်းသော ထုတ်ကုန်တစ်ခုကို တည်ဆောက်ပြီး၊ လူကြိုက်များလာဖို့ ထိုင်ဆုတောင်းကာ နေ့ချင်းညချင်း ဝက်ဝက်ကွဲအောင်မြင်သွားသည်ဟူသော အများယူဆချက်နှင့် ၎င်းတို့တကယ့်အောင်မြင်ပုံမှာ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤကုုမ္ပဏီများတစ်မူထူးခြားစွာ ထိပ်ဆုံးရောက်လာခြင်း၏ နောက်ကွယ်၌ ဂရုတစိုက်လေ့လာသုံးသပ်ပြီး လက်တွေ့အသုံးချသည့် နည်းပညာတစ်မျိုးရှိသည်။ ယင်းနည်းပညာကို Growth Hacking ဟုခေါ်သည်။ ဤစာအုပ်မှာ မည်သည့်ဈေးကွက်ထိုးဖောက်သူ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင် တီထွင်ဖန်ဆင်းသူ သို့မဟုတ် မည်သည့်မန်နေဂျာမဆို မဖြစ်မနေဖတ်သင့်သော စာအုပ်ဖြစ်သည်။

octbook4

4. Top of Mind by John Hall

အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ခေါင်းဆောင်အတော်များများ၏ တူညီသောအချက်မှာ သူတို့လုပ်ငန်းအကြောင်း လူတွေစဉ်းစားသည့်အခါ သူတို့နာမည်တွေ ခေါင်းထဲအရင်ဆုံးပေါ်လာခြင်းဖြစ်သည်။ မိမိပရိသတ်ကို ဖမ်းစားခြင်း၊ အဓိပ္ပာယ်ရှိသော ဆက်ဆံမှုများဖန်တီးခြင်းနှင့် တန်ဖိုးကို နေ့စဉ်ရက်ဆက်ပေးအပ်ခြင်းတို့အပေါ် အာရုံစိုက်သည့်အကျင့်များနှင့် နည်းဗျူဟာများကို ၎င်းတို့က မွေးမြူမြှင့်တင်ကြသည်။ ဤစာအုပ်၌ John Hall က သင့်ကုန်အမှတ်တံဆိပ်ကို အရေးပါသော ဆုံးဖြတ်ချက်ချသူများ၏ ခေါင်းထဲစွဲနေစေရန် အကြောင်းအရာကို အသုံးချပုံချနည်းများကို တစ်ဆင့်ချင်းစီ လမ်းညွှန်ထားသည်။ သင့်အား ယုံကြည်ထိုက်သော အဖိုးတန်စီးပွားဖက်အဖြစ် အခြားသူများက သဘောထားပါက သင့်အခွင့်အရေးများမှာ မကုန်မခန်းနိုင်ပါ။

(မှတ်ချက်။ ဤအညွှန်းမှာ NY Times မှ စာအုပ်ဝေဖန်သုံးသပ်ချက်များကို ကောက်နုတ်ပြန်ဆိုခြင်းဖြစ်သည်။)

ဟိဏ်းကိုကို