ပြင်သစ်ဖက်ရှင် Group တွေဖြစ်သော Kering and LVMH ဟာ ကမ္ဘာအနှံ့ဝေဖန်မှုတွေကြောင့် အလွန်အမင်းပိန်တဲ့ မော်ဒယ်များငှားရမ်းခြင်းကို ရပ်နားခဲ့ပါတယ်။ Kering and LVMH တို့ရဲ့ တံဆိပ်များဖြစ်သော Christian Dior ၊ Givenchy ၊ Yves Saint Laurent နဲ့ Gucci တို့မှ ကျန်းမာသန်စွမ်းသောမော်ဒယ်များကိုသာ ငှားရမ်းရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြင်သစ်ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း တိုင်းပြည် Fashion ကဏ္ဍတွင် အလွန်ပိန်တဲ့ မော်ဒယ်များနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေပါတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့သလို အသုံးပြုခဲ့ပါက Fashion အေဂျင်စီတွေအနေနဲ့ ဒဏ်ကြေးငွေ ယူရို ၇၅,၀၀၀ သို့မဟုတ် ခြောက်လအကျဉ်းကျခံရန် သတ်မှတ်ထားတဲ့ ဥပဒေကိုလည်း ထုတ်ခဲ့ပါတယ်။
Ref: Internet