
လုပ်ငန်းခွင်ထဲမှာ မပျော်ပိုက်တော့ရင် အလုပ်သွားရမှာကို ငယ်ငယ်တုန်းက ကျောင်းသွားရဖို့ ကြောက်သလိုမျိုး ကြောက်နေတယ်ဆိုရင် အလုပ်ကနေ ထွက်သင့်ပါသလား။ ဆက်လုပ်သင့်ပါသလား။ ဘာကြောင့်ပါလဲ။
မေးခွန်းရှင်ရဲ့ 'လုပ်ငန်းခွင်ထဲမှာ မပျော်ပိုက်တော့ရင်' ဆို တဲ့ စာသားလေးကို သဘောကျလွန်းလို့ ဆရာ့အနေနဲ့ ပြန် မေးပါရစေ။ ''လုပ်ငန်းခွင်ထဲမှာ ပျော်နေတဲ့လူတွေကော အများကြီးလားလို့''။ ဆရာ ပုဂ္ဂလိကအမြင်နဲ့ ပြောရရင်ဖြင့် ဆရာဆို ဘွဲ့ရပြီး အလုပ်လုပ်ခဲ့ရတာ အခုဆို အသက်က ၆၈ နှစ်၊ အလုပ်လုပ်ခဲ့ရတဲ့လုပ်သက်က ၄၇ နှစ်ရှိခဲ့ပါ ပြီ။ အမှန်အတိုင်း ဝန်ခံရရင် လုပ်ငန်းခွင်ထဲမှာ လခရလို့ အဆင်ပြေတာပဲရှိတယ်။ မပျော်ပါဘူး ဗျာ။ ဆရာထင်တာကတော့ လုပ်ငန်းခွင်ထဲ ပျော်ပိုက်နေတဲ့သူတွေတော့ ရှိမှာပါ။ သူ့အ ကြောင်းနဲ့သူပေါ့။ ဒါပေမဲ့ သိပ်တော့များမယ် မထင်ပါဘူး။ ဆရာ့အထင်ပြောတာနော်။ ဆရာ ဒါတွေပြောနေရတာက မေးခွန်းရှင်ကိုအားပေးတာပါ။ မေးခွန်း ရှင်ပြောသလို လုပ်ငန်းခွင်ထဲ မပျော် ပိုက် တဲ့သူတွေ အများကြီးရှိပါတယ်ကွဲ့။ ကိုယ်တစ်ဦးတည်း မဟုတ်ဘူးနော်။ ဒါပေမဲ့ ... ပြောချင်တာ လေးတော့ ''ဖြေပြော'' ပြောပါရစေမေး ခွန်းရှင်တို့။ ဆရာတို့ အလုပ်လုပ်ကြ တယ်ဆိုတာ 'ပျော်ဖို့' မှ မဟုတ်ဘဲကွဲ့၊ 'ဘဝအတွက်လေ' (စကားကြီးစကား ကျယ်ပြောတာမဟုတ်ဘူးနော်)၊ That is Life ဒါဘဝပဲလေ။ ကိုယ်နဲ့ ကိုယ့်မိသားစု၊ ကိုယ့်မိဘ ဆွေမျိုးသားချင်းတွေအတွက်ဆိုတာ ဘဝပေးအသိပါ။ အလုပ် ဆိုတာကလည်း 'ပျော်တဲ့' နေရာမှမဟုတ်ဘဲ 'တော်' (ှSuitable/ Right) တဲ့နေရာပါ။ ဒါက မေးခွန်းရှင်ကို Encourage လုပ်တဲ့ စကားပါ။ ဆရာ့တစ်ဦးတည်းအမြင်နဲ့ ပြောရရင်ဖြင့် ပြော နေတဲ့ 'ပျော်ရာမှာမနေရ၊ တော်ရာမှာနေရ' ဆိုတာချည်း ကို ငယ်ငယ်ကတည်းက မကြိုက်တာ။ တော်ရာမှာနေပြီး တော့ တစ်သက်လုံးမပျော်ရရင်လည်း မတန်ဘူးလေ။ သိ တဲ့အတိုင်းပဲ ဘဝဆိုတာ တိုတိုလေးပါ။ ဒီတော့ အဲဒီစကား ကို ဆရာပြောင်းချင်တာက ''တော်ရာမှာ ပျော်ပျော်နေရ'' ဆိုရင် ပိုမကောင်းပေဘူးလား။
ရဲမြင့် (စွန့်ဦးတီထွင်)