အကျပ်အတည်းနဲ့တွေ့နေတဲ့ Noble Group

nobel

တချိန်တုန်းက အာရှရဲ့အကြီးဆုံး လူသုံးကုန်လုပ်ငန်းစုဖြစ်တဲ့ Noble Group ဟာ S&P Global rating agency တစ်ခုကနေ ကုမ္ပဏီဟာ လာမယ့် ၁၂ လအတွင်း ပေးဆပ်စရာအကြွေးတွေများနေပြီး အဲဒါတွေပါ မပေးနိုင်ခဲ့ရင် လုပ်ငန်းရပ်တန့်သွားနိုင်လောက်တဲ့အခြေအနေရှိကြောင်း ထုတ်ပြန်ခဲ့ပြီးတဲ့ပြီးနောက် ကုမ္ပဏီဟာကြမ်းတမ်းတဲ့ ရက်သတ္တပတ်ကို ရင်ဆိုင်ခဲ့ရပါတယ်။  စင်္ကာပူအိတ်ချိန်းမှာ သူ့ရဲ့ရှယ်ယာတွေက ၂၈ ရာခိုင်နှုန်းလောက်ထိ ကျဆင်းခဲ့ပါတယ်။ ပြန်လည်ရှင်သန်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းအနေနဲ့ Noble Group က Strategic Partner ကို ရှာတွေ့ဖို့ မျှော်လင့်နေပါတယ်။