nielsen MMRD ကကြီးမှူးပြီး Thought Leadership ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ

thought1

nielsen MMRD က ကြီးမှူးကျင်းပတဲ့ Thought Leadership ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်က ရန်ကုန်မြို့၊ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Consumer Confidence တိုးတက်လာတာနဲ့အမျှ FMCG ဈေးကွက်ရဲ့ အခွင့်အလမ်းတွေအကြောင်းကို ဈေးကွက်သုတေသနအချက်အလက်တွေနဲ့အတူ ဆွေးနွေးတင်ပြသွားခဲ့ပါတယ်။ (Consumer Confidence ဆိုတာ စီးပွားရေးညွှန်ကိန်းဖြစ်ပြီး စားသုံးသူတွေရဲ့ အလုံးစုံ စီးပွားရေးအခြေအနေအပေါ်မှာထားရှိတဲ့ အကောင်းမြင်မှုအဆင့်နဲ့ သူတို့ရဲ့ ပုဂ္ဂလိကငွေကြေးအခြေအနေအပေါ်မှာ တိုင်းတာပါတယ်။) Insights Presentation ကို nielsen MMRD မှ Managing Director ဦးသူရိန်ငြိမ်း၊ Associate Director (Consumer Insights Research) Mr.Moke Arunlumlert ၊ Associate Director (Media Research) Mrs. Alexandra More San Joaquin နဲ့ Senior Manager Mr.Parit Sirisukhodom တို့က တင်ပြသွားခဲ့ပါတယ်။

thought2

ပြီးတဲ့နောက် Panel Discussion မှာ nielsen MMRD ရဲ့ Senior Advisor ဦးပီတာမိုးကျော်က Moderator အဖြစ် ဆောင်ရွက်ပေးပြီး Panelists တွေအဖြစ် ဦးသူရိန်ညိမ်း၊ Mr Moke Arunlumlert တို့နဲ့အတူ Mango Marketing Services Co Ltd ရဲ့ Managing Director ဒေါ်လင်းလင်းတင်ထွန်း၊ Ooredoo Myanmar ရဲ့ Marketing and Communications Director ဒေါ်ပွင့်ဦးဆွေ၊ City Mart Holding Co Ltd ရဲ့ Chief Financial Officer Mr.Carl Crick တို့က ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ပြီးတဲ့နောက် တက်ရောက်လာတဲ့ဧည့်ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကိုလည်း ဖြေကြားပေးခဲ့ပါတယ်။

thought3