နယူးဇီလန်ကတင်သွင်းတဲ့ နို့ထွက်ပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ပါဝင်ပစ္စည်းတွေ တွေ့ရှိပြီးတဲ့နောက် နယူးဇီလန်မှာရှိတဲ့ Fonterra ကုန်ထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်တဲ့ နို့ဓမ်းအနှစ်ထုတ်လုပ်မှုအဆင့် သုံးဆင့်ကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်သွားမယ်လို့ ဖိလစ်ပိုင်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဌာန (FDA) က ဆိုပါ တယ်။ စောင့်ကြည့်စစ်ဆေးရေးလှုပ်ရှားမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စမ်းသပ်ဖို့ အတွက် ဈေးကွက်ထဲမှာ ဖြန့်ချိထားတဲ့ ထုတ်ကုန်ပစ္စည်းနမူနာတွေကို စုဆောင်းစစ်ဆေးသွားမယ်လို့ ဖိလစ်ပိုင် FDA ရဲ့ အရေးယူဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှုချုပ် Kenneth Hartigan-Go ကဆိုပါတယ်။ စားသုံးသူ တွေကိုလည်း FDA မှာ မှတ်ပုံတင်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ကလေးနို့မှုန့်တွေကိုပဲ ဝယ်ယူဖို့အကြံပေးထား ပါတယ်။ နယူးဇီလန်မှာရှိတဲ့ Fonterra ရဲ့ စက်ရုံမှာ အဆင့်သုံးဆင့်နဲ့ နို့ဓမ်းအနှစ်ထုတ်လုပ်နေတဲ့နေရာမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း Colstridium Botulinum ပါဝင်မှုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်တယ်။ Ref: Xinhua