New York Times သတင်းစာလုပ်ငန်းဟာ အင်တာနက်က အခကြေးငွေ ပေးပြီး ဖတ်ရှုကြသူတွေကြောင့် အမြတ်အစွန်းတွေရခဲ့ပေမဲ့ သမားရိုးကျ ထုတ်ဝေတဲ့သတင်းစာမှာ ကြော်ငြာတွေ သိပ်မထည့်ရတော့တဲ့အ တွက် စုစု ပေါင်းအမြတ်ငွေအနေနဲ့ ထိုးကျသွားတယ်လို့ သိရပါတယ်။ ဒီနှစ် ဒုတိယ သုံးလပတ်အတွင်း အမြတ်ငွေဟာ မနှစ်က အလားတူကာလအတွင်း ဒေါ်လာ ၂၀.၁ သန်းရရှိခဲ့ရာက ၉.၂ သန်းပဲ ရရှိခဲ့ပါတယ်။ ဒီလို အမြတ်ထိုးကျသွား ရတာဟာ လုပ်ငန်းဆောင်ရွက် စရိတ်စကတွေ တက်လာလို့ဖြစ်ပါတယ်။ စရိတ်စကတက်လာ ရတာလည်း အွန်လိုင်းသတင်းစာ ဈေးကွက်မှာအခြေအနေ ကောင်းလာဖို့ တိုးပြီး ရင်းနှီးမြှုပ်နှံလိုက် ရလို့ ဖြစ်ပါတယ်။ သမားရိုးကျ သတင်းစာတွေ ရဲ့ကြော်ငြာက ဝင်ငွေတွေကျသွားတာ ဟာ New York Time သာမက တခြားသော သတင်းစာတွေလည်း တွေ့ကြုံနေကြရတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။
Ref: AFP