ZNA နဲ့ Dongfeng တို့ရဲ့ ကားမော်ဒယ်အသစ်မိတ်ဆက်ပွဲ

DSC_0190 Post pic ဂျပန်နိုင်ငံ Sojitz  ကော်ပိုရေးရှင်းနဲ့ ပူးပေါင်းပြီး ရောင်နီဦးဆားဗစ်ကုမ္ပဏီ ကနေ တင်သွင်းဖြန့်ချိမယ့် ZNA (Zhengzhou Nissan Automobile Co Ltd) eJY DFAC (Dongfeng Automobile Co Ltd)  တို့ရဲ့ ကား မော်ဒယ်အသစ် မိတ်ဆက်ပွဲအခမ်း အနားကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ ၂၀ ရက်နေ့က Junction Squ- are မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအ နားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြင့်ဆွေက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရောင်နီဦး ဆားဗစ် ကုမ္ပဏီရဲ့  Managing Director  ဦး အောင်ဝင်းနMr Toshiharu Yoshi- mura (President & CEO of Sojitz Asia & Oceania) တို့က အမှတ်တရ စကားများ ပြောကြားကာMr Mei Tai Hua (General Manager of Overseas Busi- ness Department of Dong feng Aut- omobile Co Ltd)  က ပေးပို့တဲ့ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ် ကြားခဲ့ပါတယ်။ ဆက်လက်ပြီး ရန် ကုန်တိုင်း၊ မှော် ဘီငါးနက်ချောင်း စခန်းမှာ ထိန်းသိမ်းထားတဲ့ အခြေ အနေမဲ့တွေကို ကျွေးမွေးရန် လှူဒါန်း ငွေ ၂၅ သိန်းကို ရောင်နီဦးဆားဗစ် ကုမ္ပဏီရဲ့MD ဦးအောင်ဝင်းက ပေး အပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှု ရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက လက်ခံရယူခဲ့ပါတယ်။ မိတ်ဆက်ပွဲမှာZNA ကနေ ထုတ်လုပ်တဲ့ RICH 2WD/4WD  Drive Pickup ၊ SUCCE 7 Seat MPV (multipurp ose vehicle) ၊ OTING 5 Seat SUV (Sport Utilities Vehicle) 4WD နဲ့ Dongfeng   ကနေထုတ် လုပ်တဲ့ U-VANE Transporter 14/17 Seat ? U-VANE School Bus 19 Seat  တို့ကို လေးရက်ကြာ ပြသခဲ့ပါတယ်။ ရောင်နီဦးဆားဗစ် ကနေ  ZNA  နဲ့Dongfengတို့ရဲ့ Brand New Car  တွေကို ဆက်လက် တင်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။