လုပ်ငန်းနယ်ပယ်မှာ မိတ်ဆွေအပေါင်းအသင်း တိုးလာဖို့ Networking နည်းလမ်းတချို့

networking ကိုယ်လုပ်တဲ့လုပ်ငန်းနယ်ပယ်မှာ မိတ်ဆွေအပေါင်းအသင်း တိုးလာဖို့ Networking နည်းလမ်းတချို့ကို သိချင်ပါတယ်။ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက် တဲ့အခါမှာ ကိုယ်ဘာသိထားတယ်ဆိုတာထက် ကိုယ်ဘယ်သူ့ ကို သိတယ်ဆိုတာက ပိုပြီးအရေးပါလာတယ်ဆိုတာကို တွေ့ရပါတယ်။ Networking နဲ့ပတ်သက်တဲ့ အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။  

၁။       ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို အရင်ဆုံးသတ်မှတ်ပါ။

ကိုယ်ဘာကြောင့် Networking လုပ်ချင်မှန်း ကိုယ့် ဘာသာကိုယ် မသိဘူးဆိုရင် ကိုယ့်ရဲ့ပေါင်းသင်းဆက် ဆံမှုကွန်ရက်ကို မှန်မှန်ကန်ကန်တိုးချဲ့နိုင်မှာ မဟုတ်တဲ့ အတွက် နည်းဗျူဟာအရင်ချမှတ်ဖို့ အရေးကြီးပါတယ်။ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုထဲကနေ ဘယ်လို ရလဒ်မျိုးရရှိချင်တယ်ဆိုတာကို သတ်မှတ်ဆုံးဖြတ်ပါ။ ကိုယ့်ရဲ့စီမံကိန်းတစ်ခု ပိုမိုကောင်းမွန်လာဖို့အတွက်၊ ဒါမှမဟုတ် ကိုယ့်ရဲ့စလုပ်ခါစလုပ်ငန်း ပိုပြီးချဲ့ထွင်ချင် တဲ့အတွက် အကြံဉာဏ်လိုအပ်တာမျိုးဆိုရင်တော့ ကိုယ့် ရဲ့ပေါင်းသင်းဆက်ဆံမှုချဲ့ထွင်တဲ့ ရည်ရွက်ချက်က သတင်းအချက်အလက် (အဲဒီအကြံဉာဏ်) ရဖို့အတွက် ဆိုတာကို ရည်ရွယ်သတ်မှတ်ပါ။ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုမှာအလုပ်ရ ဖို့အတွက် ကိုယ့်ရဲ့ကျွမ်းကျင်မှုစွမ်းရည်တွေကို ထုတ် ဖော်ပြသချင်တယ်ဆိုရင်တော့ အဲဒီအလုပ်အကိုင်နဲ့ အသင့်တော်ဆုံးပုဂ္ဂိုလ်ဟာ သင်ပဲဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ပြင်ဆင်ဖို့ လိုပါတယ်။ Networking လုပ်ရတဲ့ ရှင်းလင်းတဲ့ရည်ရွယ် ချက်အကြောင်းအရာရှိပြီဆိုရင်တော့ တွေ့ဆုံရင်းနှီးတဲ့ အပိုင်းကို ပျိုးထောင်ဖို့ လွယ်ကူသွားပါပြီ။  

၂။       အကျိုးရှိပြီး ထိရောက်တဲ့စကားဝိုင်းတွေကို ဖန်တီးပါ။

ဓာတ်လှေကားထဲမှာ ထိပ်တန်းပရော်ဖက်ရှင်နယ်သမား တွေနဲ့ တွေ့ဆုံရတဲ့အခါမျိုးမှာ သင့်အနေနဲ့ စက္ကန့် ၆၀ လောက်အချိန်ပိုင်းအတွင်းမှာ သင်ဘယ်သူဆိုတာကို သူတို့သိအောင်နဲ့ သူတို့နဲ့ စကားပြောဆိုတာကနေ သင်ဘာကို ရချင်သလဲဆိုတာကို လုပ်ဆောင်နိုင်တဲ့ အ စွမ်းအစ သင့်မှာရှိပါတယ်။ Networking ဆိုတာ အပြန်အလှန်အားထုတ်ပြောဆိုမှုဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ လိုအပ်တာကိုပြော၊  ဆီလျော်တဲ့မေးခွန်းတွေ ကိုမေးပြီး အချိန်မလောက်တော့ရင် ကော်ဖီသောက်ဖို့ ဆက်သွယ်မယ်ဆိုတဲ့အကြောင်းပြောပါ။ တွေ့ဆုံဆွေး နွေးပွဲတွေမှာဆိုရင် ဆက်သွယ်ရမယ့်အချက်အလက် တွေကိုတောင်းဖို့ အမြဲသတိရပါ။ အဓိပ္ပာယ်ရှိတဲ့စကား ဝိုင်းတွေကို အခွင့်ရေးရသမျဖန်တီးပြီး နောက်ပိုင်းမှာ လည်း ကိုယ်နဲ့မိတ်ဖွဲ့စကားပြောတဲ့သူကို ဆက်သွယ်ပြီး ပိုမိုလေးနက်တဲ့စကားဝိုင်းနဲ့ ရင်းနှီးမှုကို ပိုမိုတိုးတက် အောင် အားထုတ်ပါ။  

၃။       ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံမှုအသိုင်းအဝိုင်းကို ချဲ့ထွင်ဖို့အတွက် အချိန်ဇယားသတ်မှတ်ပါ။

Networking အတွက် အချိန်ဇယားသတ်မှတ်ပြီး လုပ်ဆောင်မယ်ဆိုရင် တကယ့်ကို အကျိုးရှိထိရောက်လာမှာပါ။ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆက်ဆံ မှုများလာလေလေ သင့်ရဲ့လုပ်ငန်းခွင်ဘဝမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်တယ်။ ကိုယ့်ရဲ့နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အချိန်ဇယားထဲမှာ Networking အတွက် အချိန်သတ်သတ်မှတ်မှတ်ထားရှိလုပ်ဆောင် မယ်ဆိုရင်တော့ ကိုယ့်မှာအရေးပါတဲ့အဆက်အသွယ်တွေ တိုးပွားလာပါလိမ့်မယ်။  

၄။       ကိုယ့်လုပ်ငန်းအပေါ်မှာ စိတ်အားထက်သန်မှုရှိပါ။

သင့်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ စိတ်အားထက် သန်ပြင်းပြမှုမရှိဘူးဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်ဘ၀ အဆင့်မြင့်တက်လာဖို့ အခွင့်အလမ်းနည်းပါးသွားပါလိမ့်မယ်။  မေးခွန်းတွေမေးတာမျိုးနဲ့  သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ တစ်မူထူးခြားတဲ့စွမ်းရည်တွေကို  ဖော်ထုတ်ပြသတာမျိုးလုပ်ပြီး သင့်ရဲ့လုပ်ငန်းနယ်ပယ်က အဆက်အသွယ်အပေါင်းအသင်းတွေနဲ့ အမြဲထိတွေ့ဆက်ဆံပါ။ ဒါကသင့်ရဲ့ပေါင်းသင်းဆက်ဆံမှု အသိုင်းအဝိုင်း ချဲ့ထွင်ရေးရည်ရွယ်ချက်တွေကို ရှေ့ဆက်အကောင်အ ထည်ဖော်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။  

၅။       ကိုယ်ပြောခဲ့တဲ့စကားအပေါ်မှာ အလေးထားပြီး တာဝန်ယူပါ။

ကိုယ်က ဘာလုပ်မယ်ဆိုပြီးပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူပြီး ဆက်လက်အကောင်အထည်ဖော်ပါ။ ပရော်ဖက်ရှင်နယ်ပုဂ္ဂိလ်တွေဟာ အလုပ်များတဲ့သူတွေ ဖြစ်တဲ့အတွက် သင်က သင့်ရဲ့ကိုယ်ရေးအချက်အလက်၊ ဒါမှမဟုတ် လုပ်ငန်းအကြောင်းကို အီးမေးလ်ပို့ပေးမယ် လို့ပြောခဲ့ရင် အဲဒါကို ဖြစ်နိုင်သမျအမြန်ဆုံးလုပ်ဆောင်ပါ။ ကိုယ်ပေးခဲ့တဲ့ကတိတွေကို ထိန်းသိမ်းတာဟာ သင်ဟာ ယုံကြည်စိတ်ချရတဲ့သူဖြစ်တယ်ဆိုတာကို ပြသနေခြင်းပဲ ဖြစ်ပါတယ်။  

၆။       ကိုယ့်ရဲ့အဆက်အသွယ်တွေကို အစီစဉ်တကျ စာရင်းပြုစုပါ။

ကိုယ့်ရဲ့အပေါင်းအသင်း အဆက်အသွယ်စာရင်းဟာ ရှင်းရှင်းလင်းလင်းမရှိဘဲ ရှုပ်ထွေးနေမယ်ဆိုရင် ဂရု မစိုက် အလေးမထားတာကို သက်သေပြနေတာဖြစ် တယ်။ လူမှားပြီးဆက်သွယ်မိတဲ့အဖြစ်မျိုးကို သင့်အနေနဲ့ ကြုံချင်မှာ မဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းခွင် အပေါင်းအသင်းအဆက်အသွယ်တွေရဲ့စာရင်း၊ ကုမ္ပဏီအကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ တစ်ဦး ချင်းစီရဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေကို စာရင်းပြုစုပါ။  

၇။       ပေါင်းသင်းဆက်ဆံရေးကို ရဲရဲဝံ့ဝံ့တည်ဆောက်ပါ။

ကိုယ်က ကြိုတင်စီမံကိန်းချထားတာမျိုးမဟုတ်တဲ့ ပေါင်း သင်းဆက်ဆံမှု အခွင့်အရေးတွေအတွက် တံခါးဖွင့်ထား ပါ။ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို လူတွေနဲ့ ပေါင်းသင်းဆက် ဆံမှုအခွင့်အရေးတစ်ရပ်လို့ရှုမြင်ပြီး ပရော်ဖက်ရှင်နယ် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံချဉ်းကပ်ရတဲ့အခါမျိုးမှာ ကြောက် လန့်မိတာမျိုးဖြစ်တတ်ပေမဲ့ ရဲရဲရင့်ရင့်နဲ့ ပြုမူဆက်ဆံပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးပွားလာစေပြီး သင့်ရဲ့လုပ်ငန်းခွင်ဘ၀ တိုးတက်မြင့်မားစေမှာ ဖြစ်ပါတယ်။