Netflix မှ CEO Reed Hastings နဲ့ ၂၀၁၈ အတွက် လစာ

Int'lsNews1

Netflix ကို ပူးတွဲတည်ထောင်သူ Hastings ဟာ အမေရိကန်ဒေါ်လာ ၂၈.၇ သန်းခန့် တန်ကြေးရှိတဲ့ Stock Option တွေနဲ့ အခြေခံလစာအမေရိကန်ဒေါ်လာခုနစ်သိန်းခန့်ကို ၂၀၁၈ ခုနှစ်မှာ လက်ခံနိုင်ဖွယ်ရှိပါတယ်။

၂၀၁၆ ခုနှစ်က Hastings ဟာ အခြေခံလစာ အမေရိကန်ဒေါ်လာကိုးသိန်းနဲ့ Stock Options အမေရိကန်ဒေါ်လာ ၁၉.၁ သန်းခန့်ကို ပေးအပ်ခြင်းခံရပါတယ်။

ယခုနှစ်မှာ သူ့ရဲ့လစာက အမေရိကန်ဒေါ်လာ ၈.၅ သိန်းသာရပေမယ့်လည်း Stock Options မှာတော့ အမေရိကန်ဒေါ်လာ ၂၁.၂ သန်းခန့်ဖြစ်ပါတယ်။ Hastings ဟာ အင်မတန်ချမ်းသာသူတစ်ဦးဖြစ်ပြီး Forbes (ချမ်းသာသူများသာ ဖော်ပြခံရသောမဂ္ဂဇင်း) ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လေးရာဦးထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။