
Nescafe' ရဲ့ ၇၅ နှစ်မြောက်အထိမ်း အမှတ်အဖြစ် ကျင်းပတဲ့ ဒုတိယအကြိမ် ကျပ်သန်းပေါင်းများစွာ ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ Nescafe' ရဲ့ ကံထူးရှင် ၇၅ ယောက်ထဲမှ ကံထူးရှင်အယောက် ၃၀ ကို တော့ သြဂုတ်လ ၁၇ ရက်က မန္တလေးမြို့ရှိ Hotel Mandalay မှာ ပထမအကြိမ် ရွေးချယ်ခဲ့ပြီး အဆိုပါပွဲက ကျန်ရှိနေသေးတဲ့ ကံထူးရှင် ၄၅ ယောက်နဲ့အတူ နှစ်သိမ့်ဆုပေါင်းလေးရာကို ထပ်မံရွေး ချယ်ခဲ့တာဖြစ်ပါတယ်။