အီတလီအစားအစားတွေကို Item အသစ်နဲ့ ဖန်တီးထားတဲ့ Nervin Café & Bistro

DSCN0063 post pic မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူတကွ အေးချမ်းစွာစားသုံးရင်း ကန်ရေပြင်ရဲ့ အငွေ့အသက်ကိုပါ ခံစားနိုင်မယ့် နေရာလေးကို CEO စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဆိုင်မှာဆိုရင် အီတလီနဲ့ မြေထဲပင်လယ်ဒေသအစားအစာ Menu တွေအပြင် ကော်ဖီစစ်စစ်ရဲ့အရသာ၊ ခေတ်မီဆန်းသစ်တဲ့ စားသောက် ဖွယ်ရာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ရိုးရှင်းပေမဲ့ အဆင့်မြင့် အပြင်အဆင်တွေနဲ့ ပေါင်းစပ်ဖွင့်လှစ်ထားတဲ့ Nervin Cafe & Bistro အကြောင်း ဖော်ပြလိုက်ပါတယ်။   ဆိုင်တည်နေရာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး သဘာဝဥယျာဉ်ရှိ ကရဝိတ်ဥယျာဉ်ကမ္ဘာမှာ တည်ရှိတာဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၁ ၅၄၁၁၈၈ ဖြစ်ပါတယ်။ Website အနေနဲ့ဆိုရင် www.nervincafe.com  ဖြစ်ပြီး  Facebook  ကတော့ facebook.com/Nervin-Cafe-Bistro ဖြစ်ပါတယ်။   ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။   ဆိုင်နာမည်ပေးဖြစ်ပုံ Nervin ဆိုတဲ့ နာမည်ဟာ လူတွေရဲ့ အာရုံကြော ဗဟိုအထိ နှိုးဆွပေးနိုင်တဲ့ပစ္စည်း ''Nervine" ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ စားသုံးသူတွေကို အလုပ်လုပ်ကိုင်ရာမှာ ပိုပြီးနိုးကြားတက်ကြွစေဖို့နဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။   ဆိုင်အပြင်အဆင်ပိုင်း ဆိုင်ထဲဝင်လိုက်တာနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် ဆိုင်အပြင်အဆင်ဟာ ကန်တော်ကြီးရဲ့ ရေပြင်နဲ့ ပနံရနေပါတယ်။ နေ့လယ်ဘက် ရာသီဥတုပူတဲ့အချိန် မှာဆိုရင် လေအေးပေးစက်ဖွင့်ထားလို့ နေရထိုင်ရ အဆင်ပြေသက်သာပါတယ်။ ညနေဘက်တွေမှာတော့ လတ်ဆတ်တဲ့သဘာဝလေပြေအေးကို ခံစားနိုင်စေဖို့ တံခါးတွေ ဖွင့်ထားပေးတာ တွေ့ရပါတယ်။   ရနိုင်တဲ့အစားအသောက်များ Drink Menu  နဲ့ Food Menu  ရှိရာမှာ Drink Menu မှာဆို ရင် Main Product အနေနဲ့ကော်ဖီကို အဓိကထားပြီး Menu အမျိုး ပေါင်း ၂၀ ကျော်ရှိပါတယ်။ Tea  လည်း ရနိုင်ပါတယ်။ ထူးခြားတဲ့ Item တစ်မျိုးအဖြစ် Nervin  ရဲ့ Hot Chocolate Drink  အရသာဟာ တကယ့်ချောကလက်ကို စားနေရသလိုဖြစ်ဖို့ ဖန်တီးထားတယ် လို့ သိရပါတယ်။ Food  မှာဆိုရင် Italian  Salads ၊ Soup ၊ Burger ၊ Sandwiches and Grilled Panini  နဲ့Pizza  တွေကိုလည်း ရနိုင်ပါတယ်။  Main Fare အနေနဲ့ အမဲသားနဲ့ ကြက်ရင်အုပ်သားကို အဓိကသုံးထား ပြီး Grilled Salmon Fillet ၊ Nervin Mixed Grill ၊ Pork Piccata  တို့ကို လူကြိုက်များတယ်လို့ သိရပါတယ်။ အဆာပြေစားချင်သူတွေ အတွက် Side Dishes  အနေနဲ့ Mashed Potatoes ၊ Sautéed Vegetables ၊ Fried Potato Wedges with Skins၊ Assorted Bread Basket ၊ Garlic Bread တွေ ရနိုင်ပါတယ်။  Pasta မှာဆိုရင် Spaghetti ၊ Penne ၊ Fettuccine တို့ကို ရွေးချယ်မှာယူနိုင်ပါတယ်။   ဝန်ဆောင်မှု အရည်အသွေးပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Menu Item  တွေဖြစ်အောင် အလေးထားဆောင်ရွက်နေတယ်လို့ သိခဲ့ရပါတယ်။ စားသုံးသူတစ်ဦးချင်းရဲ့ Feedback တွေကို အမြဲနားထောင်ပြီး အကောင်းဆုံးဝန်ဆောင်မှုနဲ့ စိတ်တိုင်းကျကျေနပ်စေရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။   ဈေးနှုန်း Drink  တွေမှာဆိုရင် အနည်းဆုံး ၁၇၀၀ ကျပ်က စပြီး ကော်ဖီအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားသွားပါတယ်။ Food  မှာတော့ ဟင်းပွဲအလိုက် အနည်းဆုံး ၃၅၀၀  ကျပ်ကနေစပြီး Item အလိုက် ဈေးနှုန်းသတ်မှတ်ထားတာ တွေ့ရပါတယ်။   ထူးခြားချက် ဝါရင့်အတွေ့အကြုံရှိတဲ့ စားဖိုမှူးတွေက ဆိုင်တိုင်းမှာမရနိုင်တဲ့ Item အသစ်၊ အရသာဆန်းတွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အီတလီအရသာစစ်စစ်နဲ့ မြေထဲ ပင်လယ် ဒေသအစားအစာတွေကို နှစ်ခြိုက်သူaတွအဆင်ပြေမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။   လာရောက်ကြတဲ့သူတွေ အများစုက နိုင်ငံခြားသားတွေဖြစ်ပြီး မိသားစုအလိုက် လာရောက်ကြသလို အီတလီအရသာစစ်စစ်ကို နှစ်ခြိုက်တဲ့ Customer  အများဆုံး လာရောက်ကြတာတွေ့ရ ပါတယ်။   အနာဂတ်ရည်မှန်းချက် ရန်ကုန်မြို့ထဲမှာပဲ ဆိုင်ခွဲတွေထပ်ဖွင့်ဖို့ စီစဉ်နေတဲ့အပြင် မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ လုပ်ငန်းတွေတိုးချဲ့သွားဖို့ရှိတယ်လို့ သိရပါတယ်။  

အယ်ဒီတာအဖွဲ့