ပထမဆုံးအကြိမ်ပြုလုပ်တဲ့ Myanmore.com ရဲ့ Dining & Night Life Awards 2014 ပေးအပ်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Union Bar & Grill ကျင်းပခဲ့ပါတယ်။ အဆိုပါ Dining & Night Life Awards 2014 ဆုအတွက် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့စားသောက်ဆိုင်ငါးဆယ် ကျော်ကို Online ကနေတစ်ဆင့် မဲပေးရွေးချယ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Best Myanmar Restaurant ကို Feel Myanmar၊ Best Japanese Restaurant ကို Fuji Japanese Reataurant ၊ Best Café ဆုကို Acacia Tea Salon ၊ Best Club ဆုကို GTR Club၊ Best Korean Restaurant ဆုကို Han Kook Kwan- Korean BBQ၊ Best Chinese Restaurant ဆုကို Golden Duck အစရှိတဲ့ ၁၆ ဆိုင်ကို ကဏ္ဍအလိုက် Myanmore Dining & Night Life Awards 2014 ဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Myanmore’s Pick For New Comer အဖြစ် Ya Kun Family Cafe ၊ MOJO Bar ၊ Flamingo Bar Club တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပြင့် စာမျက်နှာ ၄၈ မျက်နှာပါဝင်တဲ့ Dining & Night Life Guide 2014 စာအုပ်ကိုလည်း City Mart၊ Strand Hotel၊ Traders Hotel စရှိတဲ့လူစည်ကားတဲ့နေရာတွေမှာ အခမဲ့ဖြန့်ဝေပေးထားတယ်လို့ သိရပါတယ်။