မြန်မာ့အကောင်းဆုံးစားသောက်ကုန် နှင့် ဟိုတယ်လုပ်ငန်းများဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ရန်ကုန်မြို့ MEP မှာ သုံးရက်တိုင်တိုင် ကျင်းပလျက်ရှိပါတယ်။
အဲဒီပွဲမှာ Junior Chief တွေအတွက် ပြိုင်ပွဲတွေအပြင် Food Magazine နဲ့ CP ကြက်ကြော်တို့မှလည်း စာဖိုမှူးတွေနဲ့ ချက်ပြုတ်ပြပြီး လာရောက်တဲ့ ဈေးဝယ်သူတွေကို မြည်းစမ်းစေခဲ့ပါတယ်။
ဒါအပြင် ဟိုတယ်သုံးပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ မီးဖိုးချောင်သုံးပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဒီပွဲကိုပြပွဲရက်တွေအတွင်း မနက် ၁၀ နာရီမှ ညနေ ၅ နာရီခွဲထိ ဖွင့်လှစ်ပေးထားတယ်လို့လည်း သိရပါတယ်။