Myanmar Insight 2017 အကြိုစာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

mminsight1

Myanmar Insight 2017 အကြိုစာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ ထိုင်းနိုင်ငံသံအမတ်ကြီး Jukr Boon-Long က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံသံအမတ်ကြီး Jukr Boon-Long ဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနဲ့ မြန်မာနိုင်ငံ ထိုင်းစီးပွားရေးအသင်း TBAM (Thai Business Association of Myanmar) တို့ပူးပေါင်းပြီး Myanmar Insight 2017 ဒုတိယအကြိမ်မြောက် နှီးနှောဖလှယ်ပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ Sofitel Grand Sukumvit Hotel၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

mminsight2

ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တော်တွေအပါအဝင် SCG ၊ PTT နဲ့ CP အစရှိတဲ့ အကြီးစားလုပ်ငန်းစုကြီးတွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ လက်တွေ့ကျတဲ့အမြင်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာ ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ အောင်မြင်တဲ့စီးပွားရေးထူထောင်ရာမှာ အဓိကအရေးပါတဲ့အချက်တွေ ဟောပြောသွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းထူထောင်ဖို့ စိတ်ဝင်စားသူ အယောက် ၅၀၀ ခန့် ဝင်ဆံ့နိုင်ဖို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ထိုင်းစီးပွားရေး အသင်းဝင်တွေအတွက် လက်မှတ်ကြေး ထိုင်းဘတ်ငွေ ၂၅၀၀ ကျသင့်မှာဖြစ်ပြီး အသင်းဝင်မဟုတ်သူတွေအတွက် ၃၅၀၀ ဘတ် ကျသင့်မှာဖြစ်ပါတယ်။ လက်မှတ်တွေကို [email protected] ကနေ ဝယ်ယူနိုင်ပါတယ်။