JobNet Myanmar မှ 2017 Official Corporate Launch ကျင်းပ

corporatelaunch1

မြန်မာနိုင်ငံ၏ နာမည်ကြီး အလုပ်အကိုင်ဝဘ်ဆိုဒ်ဖြစ်သည့် Jobnet.com.mm မှ 2017 Official Corporate Launch အား သြဂုတ်လ ၄ ရက်နေ့ သောကြာနေ့တွင်ရန်ကုန်မြို့ Sule Shangri-La ရှိ Grand Ball Room 2 တွင် နံနက် ၉ နာရီမှစတင်ပြီး နေ့လည် ၁၁ နာရီ ၃၀ မိနစ် အထိ ကျင်းပသွားမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ထိပ်တန်းကုမ္ပဏီပေါင်း ၁၅၀ ခန့်မှ လာရောက်ပြီး Myanmar Employer Awards 2017 တွင် ၎င်းတို့အနေဖြင့် မည့်သို့ပါဝင်နိုင်မည်နှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။

corporatelaunch2

Myanmar Employer Awards ဟာ နိုင်ငံတွင်းရှိထိပ်တန်းကုမ္ပဏီများအတွက် ၎င်းတို့၏ အထူးအောင်မြင်မှုများနှင့် နည်းလမ်းပေါင်းများစုံဖြင့် ကတိကဝတ်များအတိုင်း လုပ်ဆောင်နေကြသော လုပ်ငန်းရှင်ထူးချွန်မှုများနှင့် အကောင်းမွန်ဆုံးသော စီမံခန့်ခွဲမှုများအတွက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ talent များကို ပြုစုပျိုးထောင်ခြင်းဟာ Human Capital တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြင့်တင်ပေး ခြင်းဖြစ်ပြီး အဆိုပါအချက်များဟာ နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံကုန်ထုတ်စွမ်းအား တိုးတက်များပြားလာခြင်းနှင့် နိုင်ငံသားတို့၏ ယေဘူယျဘဝနေထိုင်မှုအဆင့်အတန်းများတိုးတက်မြင့်မား လာစေရန်အတွက် အရေးကြီးသောအချက်များလည်းဖြစ်ပါတယ်။

အဆိုပါ Corporate Launch ပွဲတွင်  JobNet.com.mm မှ CEO ဖြစ်သူ Mr. Justin Sway မှ moderator အဖြစ်ပါဝင်ကာ Today Oglivy & Mather – Myanmar မှ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Andy Annett ၊ Grand Royal Group မှ Group Human Capital Director ဖြစ်သူ Vivek Bhargava ၊ MPT Myanmar မှ Advisor to Director of HR ဖြစ်သူ  Hemant Balwani တို့မှ နိုင်ငံတွင်းရှိ ကုမ္ပဏီများအနေနဲ့ ၎င်းတို့ကုမ္ပဏီများ၏ ကောင်းမွန်သောပုံရိပ်များမှဆင့် talent များကို ၎င်းတို့ကုမ္ပဏီများတွင် မည်သို့ဆွဲဆောင်ထိမ်းသိမ်းထားနိုင်မည်ဆိုခြင်းနှင့်စပ်လျဉ်း၍ The Power of Employer Branding ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။

corporatelaunch3

ထို့အပြင် ပွဲသို့တက်ရောက်လာသူများအနေဖြင့်လည်း မြန်မာလုပ်ငန်းရှင်များဆုပေးပွဲ 2017 Myanmar Employer Awards ပွဲအတွက် လျှောက်လွှာတင်ခြင်းဆိုင်ရာကိစ္စရပ်များအတွက် အသေးစိတ်အချက်အလက်များကိုလည်း သိရှိနိုင်မည် ဖြစ်ပါတယ်။

Jobnet.com.mm မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Matt De Luca မှ “ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာတော့ နိုင်ငံတွင်းရှိထိပ်တန်းကုမ္ပဏီများမှ CEO တွေ Managing Director တွေ HR Directors တွေကို ဖိတ်ကြားစုစည်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းမွန်ဆုံးသော HR ဆိုင်ရာလုပ်ဆောင်ချက်များမှတဆင့် Myanmar Employer Awards (မြန်မာလုပ်ငန်းရှင်များဆုများ) နှင့် ထူးချွန်သောလုပ်ငန်းရှင်များအဖြစ် အသိအမှတ်ပြုခံရခြင်းတို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”  လို့ ပြောပါတယ်။

corporatelaunch4

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပကုမ္ပဏီများအနေနဲ့လည်း Myanmar Employer Awards 2017 တွင် ပါဝင်သော ဆုအမျိုးအစားသီးသီးအတွက် လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဆုပေးပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို www.myanmaremployerawards.com ဝဘ်လင်ခ့်မှလည်းကောင်း Myanmar Employer Awards Facebook page မှတဆင့်လည်းကောင်း သိရှိနိုင်ပြီဖြစ်ပါတယ်။