Myanmar National Airlines (MNA) က စင်္ကာပှုသို့ စတင်ပျံသန်းသည့် ခရီးစဉ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

mna1 mna2 MNA ရဲ့ နှစ်ပေါင်း၂၂ နှစ်တာ ကာလအတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် ပျံသန်းခြင်း အခမ်းအနားကို ၂၀၁၅ သြဂုတ်လ ၁၇ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ပါတယ်။ MNA ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Captain ဦးသန်းထွန်းက “ ခရီးသွားဧည့်သည်တော်တွေအတွက် နောက်ဆုံးပေါ် Boeing 737-800NG လေယာဉ်အသစ်နဲ့ စင်္ကာပှုကို ပျံသန်းနိုင်ပြီး လေယာဉ်တွင်း အဆင့်မြှင့်ဝန်ဆောင်မှုကို ပေးအပ်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ MNA ရဲ့ ခရီးစဉ် စတင်ခြင်းအထိမ်းအမှတ်အနေနဲ့ စင်္ကာပှုကနေ ရန်ကုန် အသွားအပြန် ခရီးစဉ်ကို အမေရိကန်၂၈၉ ဒေါ်လာ နဲ့ ရန်ကုန်ကနေ စင်္ကာပှု အသွားအပြန် ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၂၃၉ ဒေါ်လာ နဲ့အရောင်း မြှင့်တင်နေပါတယ်လို့ သိရပါတယ်။MNA ကပြည်တွင်းခရီးစဉ် ၂၆ ခုနဲ့ ခရီးစဉ် အများဆုံး ချိတ်ဆက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ Business Class၊ Premium Economy၊ Economy စတဲ့ ဝန်ဆောင်မှုတွေ ရှိတယ်လို့ သိရပါတယ်။လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ကြိုတင်လက်မှတ်ဝယ်ယူခြင်းနဲ့ အသေးစိတ်အချက်အလက်တွေကို www.flymna.com၊ [email protected] နဲ့ ဖုန်းနံပါတ် ၀၁-၃၇၈၆၀၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ mna3