Myanmar Metropolitan college (MMC)ရဲ့ Programme များအကြောင်း သတင်းစာ ရှင်းလင်းပွဲ

  UK အစိုးရအသိအမှတ်ပြုအဖွဲ့အစည်း Scothish Qualification Authority (SQA) မှ တိုက်ရိုက်ချီးမြှင့်တဲ့ Higher National Diploma (HND) နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃ ရက်က ရန်ကုန်မြို့၊ Central Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး MMC ရဲ့ Principal /College Director ဒေါ်ခင်နှင်းစိုးက “SQA ကပေးတဲ့ HND အကြောင်းကို ရှင်းပြချင်တာရယ်၊ ကျောင်းသူ/ကျောင်းသားတွေကို ဘယ်လိုသင်ပေးတယ်၊ HND Program ပြီးတဲ့အခါကျရင် ဘယ်လို အခွင့်အလမ်းရှိနိုင်လဲဆိုတာ၊ နောက်ပြီး HND က International Education မှာဆို ဘယ် Level ရှိလဲ သိစေချင်လို့ပါ” ပြောခဲ့ပါတယ်။ MMC မှာ Business, Business with HR Management, Accounting, IT စတဲ့ ဘာသာ ရပ်လေးခုကို သင်ယူနိုင်တယ်လို့ သိရပါတယ်။ HND လက်မှတ်ရပြီးရင် MMC မှာပဲ Bachelor ရယူနိုင်သလို၊ MMC နဲ့ ချိတ်ဆက် ထားတဲ့ ပြည်ပတက္ကသိုလ်တွေမှာလည်း ဒုတိယနှစ် ၊ ဒါမှမဟုတ် တတိယနှစ်ကို တိုက်ရိုက်ဝင်ခွင့်ရနိုင်ကြောင်း၊ နောက်ပိုင်းမှာ MMC မှာ PHD Level တွေအထိထားဖို့ အစီအစဉ်ရှိကြောင်း ၊ ပညာရေးကို တန်ဖိုးထားတဲ့ လူငယ်တွေကို ကူညီပံ့ပိုးတဲ့အနေနဲ့ Scholarship အစီအစဉ်တွေ၊ ပညာကို သင်ယူလိုပေမယ့် ငွေကြေးအခက်အခဲရှိတဲ့သူတွေ ကူညီပံ့ပိုးတဲ့အနေနဲ့ Financial Aid ဆိုတဲ့ အစီအစဉ်ကိုလည်း MMC အနေနဲ့ ပထမဆုံး စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။ people portrait water mark final Article Lanspace MMC 2