Myanmar Marketing & Media Forum စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

mediaforum1

mediaforum3

Ignite Marketing Communications က စီစဉ်တဲ့ Myanmar Marketing & Media Forum နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ ယင်းပွဲကို အောက်တိုဘာ ၂ ရက်နေ့တွင် Park Royal Hotel တွင်ပြုလုပ်မှာဖြစ်ပြီး Google ၊ CNBC ၊ Dave McCaughan နဲ့ နိုင်ငံတကာမီဒီယာတွေက ပညာရှင်တွေ လာရောက်ဆွေးနွေး ဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ Marketing နဲ့ Media ကဏ္ဍတွေမှာ လိုအပ်တဲ့ နည်းပညာတွေ၊ ဗဟုသုတတွေ ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ တံခါးပိတ် စီးပွားရေး စနစ်ကပြောင်းလဲလာတဲ့  မြန်မာနိုင်ငံရဲ့စီးပွားရေးက အခုအချိန်မှာ လျှင်မြန်စွာဖွံ့ဖြိုးနေပြိး Marketing  နယ်ပယ်မှာလိုအပ်နေတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ နည်းပညာနဲ့ အထွေထွေဗဟုသုတတွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဒီပွဲကို စီစဉ်တာပါလို့ Ignite Marketing Communication က Chief Strategist ဦးအောင်သူရ ကပြောပါတယ်။ Forum တက်ရောက်ခွင့်အတွက် မြန်မာငွေ ၂၀၀၀၀၀ ဒါမှမဟုတ် US $ 150 နှုန်းနဲ့ လက်မှတ်ရောင်းချမှာဖြစ်ပြီး အသေးစိတ်သိချင်ရင် ဖုန်း ၀၉ ၂၆၁၀၀၇၃၃၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

mediaforum2