Myanmar Int'l Wood Processing Exhibition

Myanmar Wood 7

မြန်မာနိုင်ငံရဲ့ ပထမဆုံး သစ်အချောထည်ထုတ်စက်များပြပွဲ (မြန်မာသစ်) ၂၀၁၄ ကို ရန်ကုန်မြို့ရှိ Myanmar Convention Center (MCC) တွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၄ရက်မှ ၇ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲကို မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ စက်မှုကုန်ထုတ် လုပ်သူများအသင်း (MIA) တို့ရဲ့ ကူညီပံ့ပိုးမှုနဲ့ Yorker ကုမ္ပဏီမှ စီစဉ်ကျင်းပတာဖြစ်ပါတယ်။ ပွဲမှာ ထိုင်ဝမ်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျာမဏီ၊ သြစတြီးယား၊ ဟောင်ကောင်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ အီတလီ နဲ့ မလေးရှား အစရှိသဖြင့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နောက်ဆုံးပေါ် နည်းပညာရပ်တွေကို ကုမ္ပဏီပေါင်း ၁၅၀ က ပြခန်းပေါင်း ၂၆၀ ဖြင့် ခင်းကျင်းပြသခဲ့တာဖြစ်ပါတယ်။ သစ်အရိုင်းကို နိုင်ငံခြားသို့တိုက်ရိုက်တင်ပို့မယ့်အစား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စက်မှုလုပ်ငန်းတိုးတက်မြင့်မားလိုစိတ်တို့ကို တိုးမြှင့်ပေးနိုင်ရန် သစ်အချောထည်များကို အဆင့်မြင့်တိုးချဲ့ထုတ်လုပ်သွားဖို့ ရည်ရွယ်ချက်နဲ့ ပွဲကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။   Myanmar Wood 5 Myanmar Wood 4 Myanmar Wood 1