မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) က ကြီးမှူးပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ်ကျင်းပတဲ့ Myanmar International Travel Mart 2016 ပြပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ ရက်ကနေ ၁၈ ရက်ထိ ရန်ကုန်မြို့ရှိ Sedona ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲကို UMTA ဥက္ကဌ ဦးသက်လွင်တိုး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဌေးဝင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးတို့က အဖွင့်အမှာစကားပြောခဲ့ပြီး တာဝန်ရှိသူများနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြပွဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေ စုစည်းပြီး လိုင်စင်ရ ခရီးသွားကုမ္ပဏီတွေ၊ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ ပြည်ပဆေးရုံတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ကုမ္ပဏီတွေက ပြခန်းပေါင်း ၇၀ ကျော်နဲ့ ခင်းကျင်းပြသခဲ့ပါတယ်။ ပြပွဲကနေ လိုင်စင်ရ Outbound ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေပြီး ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေကိုလည်း ပိုမိုချဲ့ထွင်သွားနိုင်အောင် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။