Myanmar International Furniture Expo-2016 သတင်းစာရှင်းလင်းပွဲ

forestryAsso3

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနဲ့ သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပမယ့် Myanmar International Furniture Expo-2016 ပြပွဲ သတင်းစာရှင်းလင်းပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်မြို့၊ UMFCCI မှာ ကျင်းပခဲ့ပါတယ်။

forestryAsso2

ပွဲမှာ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဒေါက်တာစိန်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။ Myanmar International Furniture Expo-2016 ပြပွဲကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၂ ရက်ကနေ ၁၅ ရက် အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမမှာ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပြပွဲမှာ ကုမ္ပဏီပေါင်း ၃၆ ခုက ပြခန်းပေါင်း ၁၆၄ ခန်းနဲ့ ကြိမ်၊ ဝါး ပရိဘောဂမျိုးစုံကို ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

forestryAsso1

Myanmar International Furniture Expo ပြပွဲကို ၂၀၁၅ ခုနှစ်ကစတင်ပြီး နှစ်စဉ်ဖေဖော်ဝါရီလနဲ့ စက်တင်ဘာလတွေမှာ တစ်နှစ်နှစ်ကြိမ် ကျင်းပပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။