မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်း အင် ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန(မြန်မာ့လေကြောင်း) တို့မှ ကိုယ်စားလှယ်အရာရှိများအပါအဝင် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ အကြီးတန်းခေါင်းဆောင် ၂၀ ဦး အတွက် ပထ မဆုံးအကြိမ် မြန်မာလုပ်ငန်းအမှုဆောင်သင်တန်းအား General Electric (GE) က Crotonville ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မတ်လ ၂၇ ရက်နေ့က GE မှ သတင်းထုတ်ပြန်ခဲ့ပါသည်။
GE ၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုတက္ကသိုလ်နှင့် ကမ္ဘာ့ပထမဆုံး ကော်ပို ရိတ် တက္ကသိုလ်ကြီးဖြစ်သည့် GE Crotonville ၌ကျင်းပသည့် အဆိုပါ ရက်တိုသင်တန်းသည် ပြောင်းလဲတိုးတက်နေသည့် စီးပွားရေးလုပ် ငန်းများ၊ အစိုးရမူဝါဒရေးရာ၊ ဥပဒေလေးစားလိုက်နာမှုနှင့် စည်းမျဉ်းစည်းကမ်းနှင့် ထိန်းကွပ်သည့်လုပ်ထုံးလုပ်နည်း များအတွက် မရှိမဖြစ်လိုအပ်သော ခေါင်းဆောင်မှုဆိုင် ရာစွမ်းရည် များဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားသင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါသင်တန်းသည် GE ၏ Corporate Citizenship လှုပ်ရှားဆောင်ရွက်မှုများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော သင်ကြားလေ့ကျင့်ပေးမှု အစီအစဉ်ကို ပံ့ပိုးပေးသည့် သင်တန်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင်ပြုလုပ်သည့် အဆိုပါသင်တန်းတွင် သင်တန်းချိန်အများစုကို New York ရှိ GE Crontonville ပင်မကျောင်းပရဝုဏ်အတွင်း၌ ပြုလုပ်ခဲ့ပြီး West Point ရှိ အမေရိ ကန်ပြည်ထောင်စုစစ်တက္ကသိုလ်၊ Niskayuna ရှိ GE ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာ၊ Schenectady ရှိ ရေနွေးငွေ့တာဘိုင်ထုတ်လုပ်ရေးစက်ရုံ နှင့် နယူယောက်စတော့ အိပ်ချိန်း (NYSE) တွင် GE ၏ စတော့ရှယ်ရာအရောင်းအဝယ်အခြေအနေတို့ကို သွားရောက်လည်ပတ်လေ့လာသည့် အစီအစဉ်များလည်းပါဝင်ခဲ့ကြောင်း သိရပါသည်။
GE ၏လုပ်ငန်းစုတစ်ခုလုံးမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ သင်တန်းသားများသည် လေကြောင်းနယ်ပယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ရေနံနှင့်သဘာ ဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်၊ GE ၏ ခေါင်းဆောင်မှုဆိုင်ရာအယူအဆဒဿ န ၊ စွမ်းရည်စီမံခန့်ခွဲမှုနည်းဗျူဟာများနှင့် ဥပဒေစည်းမျဉ်းစောင့်ထိန်းလိုက်နာမှုဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ စသည့် အကြောင်းအ ရာများ အပေါ်တွင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ လေ့လာသုံးသပ်မှုများ စသဖြင့် လေ့လာသင်ယူခဲ့ကြကြောင်း သိရပါသည်။ သင်တန်းအတွင်း သင်တန်းသားများအနေနှင့် GE ၏ Chairman နှင့် CEO Jeff Immelt တွေ့ဆုံဆွေးနွေးသည့်အစီအစဉ်လည်း ပြုလုပ်ခဲ့ကြကြောင်းလည်း သိရပါသည်။ သင်တန်းနှင့်ပတ်သက်ပြီး “GE ရဲ့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ ခေါင်းဆောင်မှုနဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို နက်နက်နဲနဲလေ့လာသိရှိခွင့်ရစေခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာလုပ်ငန်း အမှုဆောင်ခေါင်းဆောင် သင်တန်းကို ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ သင်တန်းချိန်အတွင်းမှာ သွားရောက်ခဲ့ရတဲ့လုပ်ငန်းခွင်လည်ပတ်လေ့လာမှုတွေကနေ အသိအမြင်ပွင့်စေတဲ့ အတွေ့အကြုံတွေနဲ့ ခွန်အားတက်စ ရာများစွာကိုလည်း ရရှိခဲ့ပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်ကလည်း “စွမ်းအင်ဝန်ကြီးဌာနမှာရှိတဲ့ ကျွန်တော့်ရဲ့အဖွဲ့တွေကို ပြန်လည်ဝေမျှချင်တဲ့ အကြောင်းအရာများစွာကို Crotonville မှာပြုလုပ်တဲ့ မြန်မာလုပ်ငန်းအမှုဆောင်ခေါင်း ဆောင်သင်တန်းမှာ လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အကြောင်းအရာများစွာကို GE က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးလေ့လာခွင့် ရခဲ့တာကလည်း တကယ့်ကိုအကျိုးရှိခဲ့ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။ “မြန်မာလုပ်ငန်းအမှုဆောင်ခေါင်းဆောင်သင်တန်းဟာ မြန်မာနိုင်ငံမှ အစိုးရကဏ္ဍရော ပုဂ္ဂလိကကဏ္ဍက စီးပွားရေးလုပ်ငန်းတွေပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာကူညီပေးနိုင်ဖို့အတွက် ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးဖို့ GE ရဲ့ စဉ်ဆက်မပြတ်သံဓိဋ္ဌာန်ချထားမှုကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်တိုးတက်စေဖို့နဲ့ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကူညီပံ့ပိုးပေးမယ့် ရည်မှန်းချက်ရဲ့အစိတ်အပိုင်းတစ်ရပ် အဖြစ် လက်ရှိနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေကို လှုံ့ဆော်၊ ထိတွေ့ဆက်သွယ်၊ ခွန်အားပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု GE ၏ အာဆီယံဆိုင်ရာ CEO Stuart Dean က ပြောကြားပါသည်။ GE အနေဖြင့် ဖောက်သည်များ၏ ခေါင်းဆောင်မှုဆိုင်ရာပညာရေးအတွက် ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိဖောက်သည်များအား Crotonville အတွေ့အကြံများကို ပိုမိုပံ့ပိုးပေးလျက်ရှိကာ အတူတကွပူးပေါင်းဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များကို တန်ဖိုးထား လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်များထိပ်သီးအစည်းအဝေးနှစ်ခုကို GE က စီစဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ စီးပွားရေးခေါင်းဆောင်နှစ်ဦးအပါအဝင် နိုင်ငံပေါင်း ၆၀ မှ အကြီးတန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ နောက်ထပ်ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာေ ဖာက်သည်များထိပ်သီး အစည်းအဝေး များတွင် မြန်မာခေါင်းဆောင် စုစုပေါင်း ၅၀ ဦးကို ပါဝင်တက်ရောက်စေနိုင်ရန် စီစဉ်ထားကြောင်းကိုလည်း သိရပါသည်။ ယခုနှစ်၊ ဇန်နဝါရီလတွင် GE Foundation မှ Lee Kuan Yewပြည်သူ့ရေးရာမူဝါဒကျောင်းက စီစဉ်ကျင်းပသည့် မြန်မာအစိုးရအရာရှိ များအတွက် “လေ့ကျင်သင်ကြားပေးသူများကို လေ့ကျင့်သင်ကြားပေးပါ” ဟူသည့် သဘောတရားကို အခြေခံသည့် အကြီးတန်းစီမံခန့်ခွဲမှုသင်တန်းအစီအစဉ်တစ်ရပ်ကိုပံ့ပိုးကူညီပေးခဲ့ကြောင်း၊ “မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း” ဟူသည့်ခေါင်းစဉ်ကို အခြေခံပြီး နေပြည်တော်၌ စီစဉ်ကျင်းပသည့် အဆိုပါသင်တန်းသို့ အကြီးတန်းအစိုးရအရာရှိ ၄၄ ဦးကျော်တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်း၏ ရည်ရွယ်ချက်မှာ အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများထံမှ သင်ခန်းစာကို လေ့လာသင်ယူနေစဉ်အတွင်း အကြီးတန်းအစိုးရအရာရှိများအား လက်တွေ့ကျသည့် အဓိကသော့ချက်ရှုထောင့်များအကြောင်း လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အခြေအခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအရှိန်အဟုန်ကို ကူညီမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကြောင်းလည်း သိရပါသည်။ [caption id="attachment_8692" align="alignnone" width="720"]
Myanmar Executive Leadership Program 2014[/caption]
Photo Credit : GE