Myanmar Entrepreneurship Summit 2016

entrepreneurship20161

entrepreneurship20165

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ပြုလုပ်တဲ့ Myanmar Entrepreneurship Summit 2016 ပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်က နေပြည်တော်၊ MICC2 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့ပြီး ယနေ့ခေတ်လူငယ်တွေရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပြောကြားခဲ့တယ်လို့သိရပါတယ်။ ယင်းနောက်အမေရိကန်သံအမတ်ကြီး Mr Scot Marciel က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

entrepreneurship20163

entrepreneurship20164

ဆွေးနွေးပွဲပထမပိုင်းကို State of Myanmar Entrepreneurship White Paper ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး ဒုတိယပိုင်းခေါင်းစဉ်ဖြစ်တဲ့ Importance of Entrepreneurship in Nation Building ကို တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပြင် Break Out Sessioin သုံးခုဖြစ်တဲ့ ခေါင်းစဉ်အသီးသီးနဲ့ ဆွေးဆွေးသွားရာ Financing for a Vibrant Entrepreneur Ecosystem ကို ဦးဘိုဘိုဝေမောင်၊ ဦးသူရကိုကို၊ ဒေါ်ခင်သက်မော်နဲ့ ဒေါ်စန္ဒာမင်း တို့က ပါဝင်ဆွေးနွေးခဲ့ပြီး ဒေါ်သီရိသန့်မွန်က Moderator အဖြစ်လည်းကောင်း၊ Never Give Up: The Mind of and Entrepreneur ကို ဦးမိုးကျော်၊ ဒေါက်တာထက်ဇံလင်း၊ ဒေါ်လင်းလင်းတင်ထွန်းနဲ့ ဦးထွန်းထွန်းနိုင် တို့က ပါဝင်ဆွေးနွေးခဲ့ပြီး ဦးအောင်ချစ်ခင်က Moderator အဖြစ်လည်းကောင်း၊ The Digital Economy: Connectivity As and Enabler of Entrepreneurship ကို ဒေါက်တာထွန်းသူရသက်၊ ဦးဝေလင်းဦး၊ ဦးရဲမြတ်မင်းနဲ့ ဦးကောင်းကြည်သူ တို့က ပါဝင်ဆွေးနွေးခဲ့ပြီး ဦးခိုင်ဝင်းက Moderator အဖြစ်လည်းကောင်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

entrepreneurship20162