Myanmar Connect 2014 နေပြည်တော်တွင် ကျင်းပ

article landscape wartermark final3 မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးပိုမိုကောင်းမွန်လာရန်ဆောင်ရွက်ချက်တစ်ရပ်အနေနဲ့ ဆက်သွယ်ရေးအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ဖြစ်တဲ့ Myanmar Connect 2014ကို နေပြည်တော်၊  MICC-II မှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MCIT)ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ Capacity Media  က ကြီးမှူးကျင်းပခဲ့ခြင်း ပြီး ဆယ်သွယ်ရေးကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ၊ အစိုးရဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ၊ မီဒီယာအဖွဲ့ဝင်တွေနဲ့ စိတ်ပါဝင်စားသူ ၄၀၀ ခန့်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ Myanmar Connect ပွဲကို ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေဖို့အတွက် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာရှင်တွေက Sim card ဖြန့်ချိရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖိုင်ဘာဆက်ကြောင်းတွေတည်ဆောက်ခြင်း၊ ဈေးနှုန်းပြောင်းလဲလာမှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းတွေ၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ခြင်းတွေ၊ ဆက်သွယ်ရေးလိုင်စင် ရရှိရန်ဆောင်ရွက်မှုတွေ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ Myanmar connect ပွဲကို မနှစ်ကလည်းနေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲရဲ့ ပထမနေ့မှာ Capacity Media ရဲ့ CEO Ros Irving မှ ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပြီး MCIT ရဲ့ ဒုဝန်ကြီးဦးသောင်းတင်တို့ကလည်း မြန်မာ့ဆက်သွယ်ရေး ကဏ္ဍရဲ့ အနာဂတ်အမြင်တွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ Joint operations of MPT၊ KDDI၊ Sumitomo Corporation ရဲ့ CEO Takashi Ngashima၊ Ooredoo ရဲ့ CEO Ross Cormack ၊ Telenor ရဲ့ CEO Petter Furberg နဲ့ Yadanarpon teleport ရဲ့ Head of Department ဖြစ်သူ Daw Nilar Awe တို့မှ မြန်မာ့ဆက်သွယ်ရေးနယ်ပယ်ရဲ့ အလားအလာတွေကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ article landscape wartermark final2 PTD(Post and Telecommunications Department)မှ Director General ဦးခင်မောင်သန့်က အောင်မြင်တဲ့ ဆက်သွယ်ရေးနယ်ပယ်တစ်ခုဖြစ်လာရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူတွေကို စောင့်ကြည့်ထိန်းချုပ်ရေး အစီအစဉ်တွေနဲ့ ပက်သက်ပြီးပြောကြားခဲ့ပါတယ်။ နည်းပညာရှင်တွေကလည်း  မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးပိုမိုတိုးတက်ကောင်းမွန်လာဖို့အတွက်  နိုင်ငံတကာလိုအပ်ချက်များနဲ့ ပြင်ဆင်ရန်လိုအပ်မှုတို့နဲ့ ပက်သက်ပြီး ပင်လယ်ရေအောက်ဆက်ကြောင်းတွေ၊ မြန်မာနိုင်ငံရဲ့ ဖိုက်ဘာဆက်ကြောင်းတွေ၊ နိုင်ငံတကာ ဂိတ်ဝေးတွေနဲ့ ဆက်သွယ်ရေးစခန်းတွေ ချိတ်ဆက်ထားခြင်းစတဲ့ကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်သွားမယ့် အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ Julian Rawle Consulting ရဲ့ Principle ဖြစ်သူ Julian Rawle ကလည်း မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကွန်ယက်ချိတ်ဆက်မှုနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်မှုတွေနဲ့ ဆက်သွယ်ရေးလိုင်စင်ရရှိမှုနဲ့ ဈေးနှုန်းများအကြောင်းကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ မေးမြန်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ပွဲရဲ့ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၇ရက်နေ့မှာတော့  Building a sustainbale model for moile money ၊ Mobile Money and Mpayments၊ The Impact of ICT Advances on Myanmar's Enterprises ၊ Serving Myanmar's Enterprises နဲ့ Inspiring Myanmar's Consumers  စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခခဲ့ကြပြီး အစီအစဉ်အသစ်တွေဖြစ်တဲ့ Start-up Showcase နဲ့ Investment Clinic and Coffee: Evaluationg Myanmar စတဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။