How Myanmar Brands can take on the REGION

1017280_381595778610642_625310416_n

CEO Magazine ကနေ ကြီးမှူးစီစဉ်တဲ့  How Myanmar Brands can take on the REGION Myanmar Executive Forum  ကို အောက်တို ဘာလ ၃ ရက်နေ့က Sedona Hotel မင်းတုန်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ အမှတ်တံဆိပ်နဲ့ လုပ်ငန်းတွေကို ပြည်ပလုပ်ငန်းကြီးတွေနဲ့အပြိုင် ရေရှည်တည်တံ့နိုင်အောင် ကြိုးစားလာနိုင်ကြဖို့ပဲဖြစ်ပါတယ်။ မြန်မာ့ စီးပွားရေး နယ်ပယ်အသီးသီးက Decision Maker Level  တွေဖြစ်ကြတဲ့ CEO များနဲ့Managing Director  များ စုံစုံလင် လင် တက်ရောက်ခဲ့ကြတဲ့ ဒီပွဲမှာ Mr.Alan Couldrey (Chairman, Ogilvy & Mather, Thailand cum CEO, The Brand Union, Asia-Pacific)  နဲ့ Mr.Graham Rex Hitchmough တို့က ဟောပြောဆွေးနွေးခဲ့တာပါ။ ဒီပွဲကို CEO Magazine  နဲ့အတူAdventure Myanmar  ၊ City Mart Holding Co Ltd  ၊ Capital Diamond Star Group (CDSG) နဲ့ United Paints Group(UPG)  တို့က ဝိုင်းဝန်းပံ့ပိုးခဲ့ကြတာ ဖြစ်ပါတယ်။