News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Myanmar and ASEAN: Preparing for the next decade of growth ဆွေးနွေးပွဲ ကျင်းပ
Editorial
June 25, 2014
Asean News
News
စင်ကာပူနိုင်ငံအခြေစိုက် Singapore Institute of International Affairs (SSIA)၊ KPMG Advisory Ltd တို့ဦးဆောင်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ 'Myanmar and ASEAN: Preparing for the next decade of growth ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်နေ့တာဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Sule Shangri-La ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ UMFCCI ရဲ့ ဥက္ကဋ္ဌ ဦးဝင်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား၊ SSIA ရဲ့ Chairman Associate Professor Simon Tay က အဖွင့်မိန့်ခွန်း အသီးသီးပြောကြာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုရေးရာတွေ၊ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုနယ်ပယ်အကြောင်းနဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် ပြင်ဆင်နေမှု၊ မြန်မာ့အိမ်ခြံမြေကဏ္ဍရဲ့ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်မယ့်၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ၊ မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍ၊ အာဆီယံရဲ့ စွမ်းအင်ဖူလုံမှုအနေအထားနဲ့ မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍ စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦး၊ Myanmar ISIS ရဲ့ အကြံပေးပညာရှင် ဦးသောင်းထွန်းနဲ့ အာဆီယံဒေသတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း