News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၀၁၄ ခုနှစ် မြန်မာ့စိုက်ပျိုးမွေးမြူရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေး
Editorial
April 5, 2014
Interview
Profile
trade&investment
စိုက်ပျိုးမွေးမြူရေးကဏ္ဍက တခြားကုန်သွယ်မှုစီးပွားရေးလုပ်ငန်းတွေလိုမျိုး နေ့ချင်းညချင်း ရင်းနှီးမြှုပ်နှံလို့မရဘဲ ရေရှည်လုပ်ကိုင်ရမယ့် စီးပွားရေးဖြစ်တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုလိုပါတယ်။ အဲဒီလိုအပ်တဲ့အချိန်ကို စောင့်ရမှာ သဘာဝပါပဲ။ လက်ရှိဝင်လာနေတဲ့ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အလားအလာကိုလည်း အားရမိပါတယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၂၁ ကနေ၂၂ ရက်အ တွင်းပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင် ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကဦးစီးပြီး စင်ကာပူနိုင်ငံက Confexhub ရဲ့စီစဉ်မှု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းညွှန်ကြားမှုဦးစီဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ် ငန်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်မှ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
Paul Yeo Chief Executive Officer Confexhub ဒီထိပ်သီးစည်းဝေးက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေကို လက်ရှိအစိုး ရချမှတ်ထားတဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးပေါ်လစီနဲ့လားရာကို ပိုမိုနားလည်စေဖို့ ဖန်တီးပေးပါလိမ့်မယ်။ အခုစည်းဝေးကို နိုင်ငံပေါင်း ၁၅ နိုင်ငံခန့် တက်ရောက် ကြပြီး မြန်မာနိုင်ငံက ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြနိုင်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ၇၅ ရာခိုင်နှုန်းဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံထားတဲ့အတွက် ဒေသ တွင်းထုတ်ကုန်တွေ အရည်အသွေးမြင့်လာပြီး စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ ခေတ်မီတိုးတက်လာအောင် အစိုးရ အနေနဲ့ ပေါ် လစီသစ်တွေချမှတ်ပြီး ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒေသတွင်းမှာပဲ စိုက်ပျိုးရောင်းချနေတာထက်စာရင် နိုင်ငံ ခြားဝင်ငွေရရှိအောင် ပြည်ပနိုင် ငံတွေကိုလည်း တင်ပို့ရောင်း ချနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရော် ဘာစိုက်ပျိုးဖို့ကောင်းတဲ့နေရာဒေသတော်တော်များများရှိ တာကိုတွေ့ရတယ်။ ဒါကြောင့် ရော်ဘာနဲ့ဆီအုန်းကို ပြည်ပ ထုတ်ကုန်အခြေအနေထိရောက်ရှိအောင် စိုက်ပျိုးထုတ်လုပ် နိုင်ဖို့ တိုင်းပြည်အုပ်ချုပ်သူတွေအနေနဲ့ပြည်သူတွေကို အား ပေးသင့် ပါတယ်။ အခုစည်းဝေးပွဲမှာလည်း မြန်မာ နိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးရေးမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စား နေတဲ့ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူတွေအမြောက် အမြား ပါဝင်ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုအ နေနဲ့ နည်းပညာပိုင်းမှာ ရော်ဘာလက်အိတ်၊ ရော်ဘာရေမြှုပ်စတဲ့ ကုန်ချောအဆင့် ထုတ်လုပ်နိုင်တဲ့အဆင့်ထိ တိုးမြှင့်ဖို့ အများ ကြီးလိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့နောက်ကဏ္ဍတစ်ခုကတော့ နို့နဲ့နို့ ထွက်ပစ္စည်းကဏ္ဍဖြစ်ပါတယ်။ ဒီကဏ္ဍလည်း ကျယ်ပြန့်တဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နိုင် မယ့်ကဏ္ဍတစ်ခုဖြစ်ပါ တယ်။ ဒီနေ့စည်းဝေးပွဲကို ကျင်းပနိုင်ဖို့ ပြည်ထောင်စုမြန်မာနိုင် ငံတော်သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုမှု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များနဲ့ မြန်မာနိုင်ငံက ဝန် ကြီးဌာနခုနစ်ခုက ပူးပေါင်းပါဝင်ကူညီပေးတဲ့အတွက် ဂုဏ် ယူမိပါတယ်။ ဒီလိုစည်းဝေးပွဲတွေမှာ ပြည်တွင်းက စီးပွား ရေးလုပ်ငန်း ရှင်တွေလည်း အမြောက်အမြား တက်ရောက်ပါဝင် သင့်ပြီး ပွင့်လင်းမြင်သာတိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်း တွေမှာ အစိုးရနဲ့ပူးပေါင်းပြီးဖွံ့ဖြိုးတိုးတက်အောင် ပူးတွဲလုပ် ဆောင်ကြဖို့ လိုအပ်နေပါပြီ။
DAR Wong Deputy Chairman ASEAN - China Commerce Association မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးအခွင့်အလမ်းတွေကို ပိုမိုသိ လိုပြီး မြန်မာလူမျိုးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သိကျွမ်းခွင့် နဲ့ ဒီနိုင်ငံစိုက်ပျိုးရေးလုပ်ငန်းရဲ့ သဘောသဘာ၀ ကိုပိုမိုသိ ချင်တဲ့အတွက်လာခဲ့တာပါ။ ကျွန်တော့်ကုမ္ပဏီက လူသုံးကုန် ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေအတွက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေ၊ ငွေကြေးဆိုင်ရာနဲ့ ဈေးကွက်ဆိုင်ရာ အကြံ ပေးတာတွေကို ပြုလုပ် ပါတယ်။ အမေရိကန် နိုင်ငံနဲ့ သဘောတူညီ မှုတွေရှိနေတာက ရင်း နှီးမြှုပ်နှံမှုတွေ အ မြောက်အမြားဝင်ရောက် လာစေတဲ့ အချက်ဖြစ် ပါတယ်။လူဦးရေ သန်း ၆၀ ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံဟာ ဈေးကွက်အနေအထားအရ အင်မတန်ကြီးပါ တယ်။ ဒါပေမဲ့ နည်းပညာပိုင်း၊ အလုပ်သမားအရည်အသွေး၊ ငွေကြေးဆိုင်ရာ ပြဋ္ဌန်းချက်၊ ဘဏ်လုပ်ငန်းပေါ်လစီ၊ အခွန် စည်းကြပ်မှု၊ သွင်းကုန်ထုတ်ကုန်ပေါ်လစီ စတာတွေအားလုံး တိုးတက် ကောင်းမွန်လာဖို့ လိုအပ်နေပါသေးတယ်။ ပည်ပကရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တော့မယ် ဆိုရင် ပထမအချက်အနေနဲ့ အုပ်ချုပ်သူအစိုးရဌာနတွေက လုပ်ငန်းပိုင်း ကျွမ်းကျင်မှုရှိနေဖို့ လိုအပ်ပါတယ်။ ဥပမာ- စားသောက်ကုန်လုပ်ငန်းပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုခုလုပ်တော့ မယ်ဆိုရင် အချိန်တိုတိုအတွင်း လုပ်ငန်းလိုင်စင်ရအောင် ဆောင်ရွက်ပေးနိုင်တဲ့အထိ ကျွမ်းကျင်မှုရှိ ထားသင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စဉ်းစားတဲ့အခါ အခွန်စည်းကြပ်မှုလည်း သတိထားရမယ့်အချက်ဖြစ်တဲ့အ တွက် မြန်မာနိုင်ငံက အခွန်အခကြီးမားနေမယ်ဆိုရင် တခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံဘက်ကို ရင်းနှီး မြှုပ်နှံဖို့ ပြောင်းသွားကြပါလိမ့်မယ်။ တတိယအချက်အနေ နဲ့ အလုပ်သမားတွေကို ထရိန်နင်စီစဉ်ပေးမှုပါ။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျ အဆင့်မြင့်နည်းပညာနဲ့ ပြုလုပ်ထားတဲ့စက်မှုပစ္စည်းတွေလည်း ဝင်လာတော့မှာပါ။ အဲဒီစက်ပစ္စည်းတွေကို ကိုင်တွယ်ဖို့ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကို လုပ်ငန်းကျွမ်း ကျင်လာအောင်၊ တာဝန်ယူတတ်တဲ့စိတ်ရှိလာအောင် ထရိန် နင်ပေးဖို့လိုအပ်ပါတယ်။ ပြည်ပနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် ခိုင်မာတဲ့အရင်းအနှီးရှိဖို့၊ ကိုယ့်လုပ်မယ့် အလုပ်အကြောင်းကို ခရေစေ့တွင်းကျသိထားဖို့၊ အစိုးရအသိအမှတ်ပြု ပြုလုပ်ခွင့် လိုင်စင်ရရှိဖို့ အရင်ဆုံးလိုအပ်ပါတယ်။
Kamala Leegomonchai Executive Management Production & Indirect divisions C.L.P Engineering Co Ltd မြန်မာနိုင်ငံရဲ့စီးပွားရေးအလားအလာ တိုးတက်လာတာကို တွေ့မြင်နေရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားပါ တယ်။ ဒီစည်းဝေးပွဲက ကျွန်မတို့ရဲ့လုပ် ငန်းနဲ့ ဆက်စပ်မှုရှိ တယ်လို့ထင်တဲ့အတွက် တက်ရောက်ဖြစ်တာပါ။ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စိတ်ဝင်စားပေမဲ့ နိုင်ငံကို စိုက်ပျိုး မွေးမြူရေးကဏ္ဍမှာထားရှိတဲ့ အုပ်ချုပ်သူအစိုးရရဲ့ ပေါ်လစီ၊ စည်းမျဉ်းစည်းကမ်းနဲ့ လားရာလမ်းကြောင်းက တည်ငြိမ်မှုရှိ မရှိဆိုတာကို သေချာ မသိသေးတဲ့အတွက် ချက်ချင်းရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ နည်းနည်းတွန့် ဆုတ်နေမိတယ်။ စိုက် ပျိုးရေးလုပ်ငန်းသုံး စက် ပစ္စည်းတွေကို ထုတ်လုပ် နေတဲ့ ကျွန်မတို့အနေ နဲ့ စိုက်ပျိုးရေးလုပ်ငန်းကို လက်တွေ့လုပ် ကိုင်နေ တဲ့ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ လူနေမှုဘဝပုံစံနဲ့ ရင်းနှီးနေဖို့ လို အပ်ပြီး အစိုးရရဲ့ပေါ်လစီနဲ့ ရည်မှန်းချက်နဲ့ ဈေးကွက်အခြေ အနေတွေကို အရင်ဆုံးသိဖို့ လိုအပ်ပါတယ်။
Piyathida Sukchan Director United Palm Oil Industry Public Company Limited ပွဲစီစဉ်တဲ့ Confexhub ကနေတစ်ဆင့် ဒီထိပ်သီးစည်းဝေးပွဲ အကြောင်း အီးမေးလ်ရတော့ စီးပွားရေးပွင့်လင်းစပြုလာ တဲ့မြန်မာနိုင်ငံအကြောင်းကို စိတ်ဝင်စားပြီး နိုင်ငံခြားစီးပွား ရေးရင်းနှီးမြှုပ်နှံမှုအကြောင်း ပိုမိုသိလိုတဲ့အတွက် တက် ရောက်ဖြစ်တာပါ။ကျွန်မတို့ကုမ္ပဏီက ထိုင်းနိုင်ငံမှာ ဆီအုန်း ကုန်ထုတ်လုပ်ငန်းကို လုပ်ကိုင် တာပါ။ ထိုင်း နိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်ဆီအုန်းစိုက် ခင်းတွေ ပိုင်ဆိုင်ထား ပါတယ်။ ထိုင်းနိုင်ငံက ဆီအုန်းစိုက်ပျိုးတဲ့နေရာရဲ့ ရာသီဥတုနဲ့ မြန်မာနိုင်ငံရဲ့ရာသီ ဥတုအခြေအနေချင်းတူညီမှုရှိတဲ့အတွက် မြန်မာလူမျိုးဒေသခံတွေနဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်တယ်လို့ထင်ပါ တယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေ ကို သေသေချာချာသိထားဖို့ လိုအပ်လာပါတယ်။ စီးပွားရေး လုပ်ငန်းပြုလုပ်ဖို့ လမ်းဖွင့်လာပြီဆိုပေမယ့် တိုင်းပြည်ကို အုပ်ချုပ်သူတွေအနေနဲ့ နောက်ကြောင်းပြန်လှည့်တာမျိုး ပြန်လုပ်မလုပ်ဆိုတာ သေချာမပြောနိုင်တဲ့အတွက် အခြေအနေ ကို သေချာလေ့လာသိထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုစလုပ်ဖို့ဆိုတာက စွန့်စားရာနည်းနည်းကျနေ ပေမယ့် အနာဂတ်မှာ မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် ရင်းနှီးမြှုပ်နံှမှုပြုလုပ်နိုင်ဖို့ မျော်လင့်ပါတယ်။
Nyein Aye Nu Chief Operation Officer Agriculture Tractors & Trucks Business Unit UMG Myanmar UMG က Volvo Construction Equipment တွေကိုအဓိက တင်သွင်းဖြန့်ဖြူးရောင်းချတာပါ။ အခုနောက်ပိုင်းနှစ်တွေမှာတော့ တခြားထုတ်ကုန်တွေကို Business Unit တွေခွဲပြီး စတင်လုပ်ကိုင်လာပါတယ်။ Business Unit တွေခွဲတဲ့အခါမှာ Organization Structure မှာ Distribution? Property & Infra Development၊ Resources၊ Education & Entertainment၊ Food ဆိုပြီး အပိုင်းငါးပိုင်းရှိပါတယ်။ အစ်မကDistribution Channel ရဲ့ Agriculture Tractors and Trucks က Operation Manager ပါ။ ၂၀၁၃ ခုနှစ်ကစပြီး Agriculture Business ကိုစတင်ခဲ့ပြီး Machine ရောင်းတာနဲ့ Distribution လုပ်တာကို အဓိကထား လုပ်ကိုင်ခဲ့ပါတယ်။ ဒီပွဲတက်ရင်း နောက်ထပ်ဘယ်လိုအတွေ့ အကြုံတွေ၊ သတင်းအချက်အလက်တွေရနိုင်မယ်၊ သက်ဆိုင် ရာ အစိုးရဘက်က လည်း တက်ရောက်တဲ့ အတွက် ဘယ်လိုအသိ ပညာတွေ ထပ်ရမယ်ဆို တာနဲ့ နိုင်ငံရပ်ခြားက၊ ဘယ်ကုမ္ပဏီက ရင်း နှီးမြှုပ်နှံသူတွေလာ မယ်ဆိုတာကိုသိချင်တဲ့ အတွက် လာရောက်ရ ခြင်းဖြစ်ပါတယ်။ အစိုးရက ပြောင်းလဲလာတာနဲ့အမျ အခု လိုညီလာခံပွဲတွေ လုပ်လာတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဖိတ်ခေါ်တယ်ဆိုတာ ကောင်းတဲ့အလားအလာတစ်ခု လို့မြင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ များလာတာနဲ့အမျ ပြိုင်ဆိုင်မှုတွေများလာမယ်။ ဈေးနှုန်းအပြိုင်အဆိုင်၊ အရည် အသွေး အပြိုင်အဆိုင်ဖြစ်လာပြီး သုံးစွဲရမယ့် တောင်သူတွေအနေနဲ့ အရည်အသွေးကောင်းတာကို ရွေးချယ်အသုံးပြုခွင့်ရ တဲ့အတွက် အကောင်းဆုံးဖြစ်လာမယ်လို့ မျော်လင့်ပါ တယ်။
ကိုဉာဏ်ထွန်; Marketing အောင်မြင်သူကုမ္ပဏီ အောင်မြင်သူကုမ္ပဏီအနေနဲ့ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ တွေက ဆီအုန်းကိုအဓိကတင်သွင်းနေပါတယ်။ ပြည်ပကုမ္ပဏီ တွေနဲ့ စီးပွားရေးအရဆက် သွယ်လုပ်ကိုင် တော့Rules and Regulations တွေအများကြီးရှိပြီး အစားအသောက်နဲ့ပတ် သက်တဲ့ထုတ်ကုန်ဆိုရင်တော့ FDA ရအောင် လုပ်ရပါတယ်။ ပြည်ပနိုင်ငံက တင်သွင်းတဲ့ပို့ ကုန်တွေမှာ Sample ပြတာနဲ့ မြန်မာနိုင်ငံကို ရောက်လာ တဲ့ပစ္စည်း မတူညီတာ မျိုးရှိတတ်တယ်။ အထူး သဖြင့် မလေးရှားနိုင်ငံက ကုန်ပစ္စည်းတွေဆို ရင် သတိထားပြီး ကြည့်ရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း