လေကြောင်းဆိုင်ရာတိုးတက်မှု ကြီးထွားနေချိန်မှာ ထိုင်းနိုင်ငံက MRO ပိုင်း တိုးတက်ဖို့လုပ်ဆောင်

MRO

အာရှပစိဖိတ်ဒေသတွေက နောက်နှစ်ဆယ်အတွင်းမှာ စီးပွားဖြစ်လေကြောင်းသွားလာရေးအတွက် လျင်လျင်မြန်မြန် တိုးတက်နေတဲ့ ဈေးကွက်ဖြစ်လာဖို့ ရည်ရွယ်ထားတာနဲ့အတူ ထိုင်းနိုင်ငံက ယင်းရဲ့လေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ အထူးသဖြင့် ယင်းရဲ့ Maintenance ၊ Repair နဲ့ Overhaul (MRO) ပိုင်းကို ခိုင်မာအောင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဒါကို ဦးတည်တဲ့အဓိကခြေလှမ်းက ဇွန်နောက်ဆုံးပတ်က ဖြစ်ပါတယ်။ Thai Airways International (THAI) နဲ့ ဥရောပလေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus တို့က U-Tapao International Airport (UTIA) မှာ Joint Venture MRO Facility ကို လုပ်ဆောင်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီစာချုပ်အကြောင်းကြေညာချက်အကြောင်းပါဝင်တဲ့ သတင်းထုတ်ပြန်ချက်အရ နောက်ဆုံးပေါ်ဒစ်ဂျစ်တယ်နည်းပညာတွေသုံးပြီးတော့ လေဆိပ်က လေယာဉ်တွေရဲ့ Maintenance အချက်အလက်တွေကို Analysis လုပ်ပေးမယ်။ ပြီးတော့ အထူးပြုလုပ်ထားတဲ့ Repair ဆိုင်တွေနဲ့ Maintenance သင်တန်းစင်တာတွေရှိမှာဖြစ်ပါတယ်။

MRO စင်တာက လာမယ့်နှစ်တွေမှာ UTIA မှာ တည်ဆောက်မယ့် ပရောဂျက်တွေထဲက တစ်ခုဖြစ်မှာပါ။ စက်မှုဝန်ကြီး Uttama Sav-anayana ရဲ့ မေလနောက်ဆုံးပတ်မှာ ပြောကြားချက်အရ Eastern Airport City (EAC) လို့ခေါ်တဲ့ ဒေသဆိုင်ရာလေယာဉ်စင်တာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ UTIA ပြန်လည်တိုးတက်မှု ရှိလာဖို့အတွက် Term of Reference တွေကို မူကြမ်းရေးဆွဲထားပြီး ဇူလိုင်မှာ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။

ရှစ်ဆယ်ဟက်တာ (80-ha) ကျယ်ဝန်းတဲ့ MRO စင်တာအတွင်းမှာ THAI နဲ့ Airbus တို့ကို ၃၂ ဟက်တာ (32-ha) စာ မြေကွက်ပေးသွားမှာဖြစ်ပြီး ဒီ Operation ကို ၂၀၂၂ ခုနှစ်မှာ စတင်သွားမှာဖြစ်ပါတယ်။ MRO ဝန်ဆောင်မှုတွေအပေါ် ဝယ်လိုအားမြင့်တက်နေတာကြောင့် THAI က Facility တွေဆီက နှစ်စဉ်ဝင်ငွေတွေကို Operation ရဲ့ ပထမဆယ်နှစ်အတွင်းမှာ ပျမ်းမျှဒေါ်လာ ၉၀.၅ သန်းထိနဲ့ နှစ်ငါးဆယ်အတွင်းမှာ ဒေါ်လာ ၁.၅ ဘီလီယံထိ တိုးမြင့်သွားဖို့ ပရောဂျက်လုပ်ဆောင်ထားပါတယ်။