မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး

mra1

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်သစ် ရွေးချယ်ခြင်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ ၊နတ်မောက်လမ်းပေါ်ရှိ Dolphin Restaurant  မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲပြီးတဲ့နောက်မှာတော့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်များ အတည်ပြုခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၂၀၁၅-၂၀၁၇နှစ်အတွက်ဗဟိုအလုပ်အမှုဆောင်အဖွဲ့စီမံခန့်ခွဲရေးကော်မတီတွင် ဥက္ကဋ္ဌ-ဦးနေလင်း၊အကြီးတန်းဒု-ဥက္ကဋ္ဌ(၁)ဦးခင်အောင်ထွန်း၊၊အကြီးတန်းဒု-ဥက္ကဋ္ဌ(၂)ဒေါ်တင်မာမြင့်၊ဒု-ဥက္ကဋ္ဌ(၁)ဦးမြင့်ဇော်၊ဒု-ဥက္ကဋ္ဌ(၂)ဦးမြတ်ဆွေမြင့် ၊ ဒု-ဥက္ကဋ္ဌ(၃)ဦးသန့်ဇင်ဦး၊ဒု-ဥက္ကဋ္ဌ(၄)ဒေါ်နှင်းနှင်းအေး၊အထွေထွေအတွင်းရေးမှုးဒေါက်တာနေဇော်အောင်၊ဘဏ္ဍာရေးမှုး၊စာရင်းစစ်၊တွဲဘက်အထွေထွေအတွင်းရေးမှုး၊တွဲဘက်ဘဏ္ဍာရေးမှုး၊တွဲဘက်စာရင်းစစ်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့စုစုပေါင်း(၂၆)ဦးတို့ ပါရှိကြောင်း သိရပါတယ်။ အစည်းအဝေးတွင်ပြည်တွင်း၊ပြည်ပနဲ့ ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရမယ့်ကိစ္စတွေ၊သတင်းနဲ့ ပြန်ကြားရေးကိစ္စတွေ၊ဘဏ္ဍာရေးဆိုင်ရာသတ်မှတ်ချက်တွေ၊ရုံးလုပ်ငန်းစီမံခန့်ခွဲမှုအုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကိုဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်စီမံခန့်ခွဲရေးကော်မတီမှဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။