မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ မိုးရာသီစာအုပ်ဈေးပွဲတော်နှင့် အောင်မြင်သူတို့၏ သူတို့နှင့်စာပေ ဟောပြောပွဲ

article landscape wartermark final2 မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ မိုးရာသီစာအုပ်ဈေးပွဲတော်နှင့် အောင်မြင်သူတို့၏ သူတို့နှင့်စာပေဟောပြောပွဲဖွင့်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသာထွန်းဦးက အဖွင့်အမှာစကားပြော ကြား ခဲ့ပြီး အသင်းရဲ့ပြန်ကြားရေးမှူးဒေါ်နန်းကလျာဝင်းက နှစ်ပတ်လည်အစီအရင်ခံစာနဲ့ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပါတယ်။ အဲဒီနောက်တွဲဖက်အတွင်းရေးမှူးဒေါ်ဝိုင်းက မြန်မာနိုင်ငံ စာပေထုတ်ေ၀ သူနှင့် ဖြန့်ချိ သူများအသင်းရဲ့ လတ်တလောလှုပ်ရှားတွေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းလင်းခဲ့ပြီး အသင်းအတွက် အလှူငွေပေးအပ်ပွဲမှာ ဒေါက်တာသာထွန်းဦးက ငွေကျပ်ဆယ်သိန်း၊ JAS က အလှူငွေ ၂၅ သိန်း၊ ဇောတိကအပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်က ငွေကျပ်ဆယ်သိန်းနဲ့ ကွန်ပျူတာတစ်စုံ နဲ့  City Mat Holding Co Ltd က ငွေကျပ်ငါးသိန်းစီ လှူဒါန်းခဲ့ကြပါတယ်။ မိုးရာသီစာအုပ်ဈေး ပွဲတော်နှင့် အောင်မြင် သူတို့ ၏သူတို့နှင့်စာပေ ဟောပြောပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး စာပေ ဟောပြောပွဲမှာ ဒါရိုက်တာ စံရွှေမောင်(သရုပ်ဆောင်အောင်လွင်)၊ ဦးတင်ဇံကျော် (Device)၊ ကာတွန်းဆရာ အော်ပီကျယ်၊ လူရွှင်တော်ညောင်ညောင်၊ ဒါရိုက်တာမောင်သီ၊ ဒါရိုက်တာကြည်စိုးထွန်း၊ လူရွှင်တော်အရိုင်း၊ လူရွှင်တောင်ဝင်းနိုင်(အနုပညာ)နဲ့ ဒါရိုက်တာဇင်ဝိုင်းတို့က နေ့အလိုက် နေ့လည် ၁ နာရီ ကနေ ၃ နာရီအထိ ဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပြင် စာအုပ်တိုက်များက စာအုပ်စာပေမျိုးစုံကို အထူးဈေးနှုန်း တွေနဲ့ ရောင်းချမှာဖြစ်တဲ့အတွက် စာအုပ်စာပေချစ်မြတ်နိုးသူတိုင်း သွားရောက်လေ့ လာ ဝယ်ယူသင့်တဲ့ စာအုပ် ရောင်းပွဲတော်ဖြစ်ပါတယ်။   [caption id="" align="alignnone" width="370"]people portrait water mark final3 မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသာထွန်းဦးက အဖွင့်အမှာစကား ပြောကြားစဉ်[/caption] [caption id="attachment_11726" align="alignnone" width="370"]people portrait water mark final1 ပြန်ကြားရေးမှူးဒေါ်နန်းကလျာဝင်းက နှစ်ပတ်လည်အစီအရင်ခံစာနဲ့ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြစဉ်[/caption] [caption id="attachment_11728" align="alignnone" width="370"]people portrait water mark final9 တွဲဖက်အတွင်းရေးမှူးဒေါ်ဝိုင်းက အသင်းရဲ့ လတ်တလောလှုပ်ရှားတွေနဲ့ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို ရှင်းလင်း[/caption] [caption id="attachment_11723" align="alignnone" width="720"]article landscape wartermark final6 ဒေါက်တာသာထွန်းဦးက အသင်းအတွက် အလှူငွေပေးအပ်[/caption] [caption id="attachment_11722" align="alignnone" width="720"]article landscape wartermark final5 JAS က တာဝန်ရှိသူတစ်ဦးက အသင်းအတွက် အလှူငွေပေးအပ်[/caption] [caption id="attachment_11720" align="alignnone" width="720"]article landscape wartermark final1 စာအုပ်ဈေးပွဲတော်မှာ လာရောက်ဝယ်ယူသူများကို တွေ့ရစဉ်[/caption] [caption id="attachment_11724" align="alignnone" width="720"]article landscape wartermark final7 ဇောတိကအပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးခင်လှိုင်က ငွေကျပ်ဆယ်သိန်းနဲ့ ကွန်ပျူတာတစ်စုံကို ပေးအပ်[/caption] [caption id="attachment_11725" align="alignnone" width="720"]article landscape wartermark final8 City Mat Holding Co Ltd က အသင်းအတွက် အလှူငွေပေးအပ်စဉ်[/caption]