News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ မိုးရာသီစာအုပ်ဈေးပွဲတော်နှင့် အောင်မြင်သူတို့၏ သူတို့နှင့်စာပေ ဟောပြောပွဲ
Editorial
June 6, 2014
Local News
News
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ မိုးရာသီစာအုပ်ဈေးပွဲတော်နှင့် အောင်မြင်သူတို့၏ သူတို့နှင့်စာပေဟောပြောပွဲဖွင့်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသာထွန်းဦးက အဖွင့်အမှာစကားပြော ကြား ခဲ့ပြီး အသင်းရဲ့ပြန်ကြားရေးမှူးဒေါ်နန်းကလျာဝင်းက နှစ်ပတ်လည်အစီအရင်ခံစာနဲ့ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပါတယ်။ အဲဒီနောက်တွဲဖက်အတွင်းရေးမှူးဒေါ်ဝိုင်းက မြန်မာနိုင်ငံ စာပေထုတ်ေ၀ သူနှင့် ဖြန့်ချိ သူများအသင်းရဲ့ လတ်တလောလှုပ်ရှားတွေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းလင်းခဲ့ပြီး အသင်းအတွက် အလှူငွေပေးအပ်ပွဲမှာ ဒေါက်တာသာထွန်းဦးက ငွေကျပ်ဆယ်သိန်း၊ JAS က အလှူငွေ ၂၅ သိန်း၊ ဇောတိကအပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်က ငွေကျပ်ဆယ်သိန်းနဲ့ ကွန်ပျူတာတစ်စုံ နဲ့ City Mat Holding Co Ltd က ငွေကျပ်ငါးသိန်းစီ လှူဒါန်းခဲ့ကြပါတယ်။ မိုးရာသီစာအုပ်ဈေး ပွဲတော်နှင့် အောင်မြင် သူတို့ ၏သူတို့နှင့်စာပေ ဟောပြောပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး စာပေ ဟောပြောပွဲမှာ ဒါရိုက်တာ စံရွှေမောင်(သရုပ်ဆောင်အောင်လွင်)၊ ဦးတင်ဇံကျော် (Device)၊ ကာတွန်းဆရာ အော်ပီကျယ်၊ လူရွှင်တော်ညောင်ညောင်၊ ဒါရိုက်တာမောင်သီ၊ ဒါရိုက်တာကြည်စိုးထွန်း၊ လူရွှင်တော်အရိုင်း၊ လူရွှင်တောင်ဝင်းနိုင်(အနုပညာ)နဲ့ ဒါရိုက်တာဇင်ဝိုင်းတို့က နေ့အလိုက် နေ့လည် ၁ နာရီ ကနေ ၃ နာရီအထိ ဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပြင် စာအုပ်တိုက်များက စာအုပ်စာပေမျိုးစုံကို အထူးဈေးနှုန်း တွေနဲ့ ရောင်းချမှာဖြစ်တဲ့အတွက် စာအုပ်စာပေချစ်မြတ်နိုးသူတိုင်း သွားရောက်လေ့ လာ ဝယ်ယူသင့်တဲ့ စာအုပ် ရောင်းပွဲတော်ဖြစ်ပါတယ်။ [caption id="" align="alignnone" width="370"]
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသာထွန်းဦးက အဖွင့်အမှာစကား ပြောကြားစဉ်[/caption] [caption id="attachment_11726" align="alignnone" width="370"]
ပြန်ကြားရေးမှူးဒေါ်နန်းကလျာဝင်းက နှစ်ပတ်လည်အစီအရင်ခံစာနဲ့ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြစဉ်[/caption] [caption id="attachment_11728" align="alignnone" width="370"]
တွဲဖက်အတွင်းရေးမှူးဒေါ်ဝိုင်းက အသင်းရဲ့ လတ်တလောလှုပ်ရှားတွေနဲ့ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို ရှင်းလင်း[/caption] [caption id="attachment_11723" align="alignnone" width="720"]
ဒေါက်တာသာထွန်းဦးက အသင်းအတွက် အလှူငွေပေးအပ်[/caption] [caption id="attachment_11722" align="alignnone" width="720"]
JAS က တာဝန်ရှိသူတစ်ဦးက အသင်းအတွက် အလှူငွေပေးအပ်[/caption] [caption id="attachment_11720" align="alignnone" width="720"]
စာအုပ်ဈေးပွဲတော်မှာ လာရောက်ဝယ်ယူသူများကို တွေ့ရစဉ်[/caption] [caption id="attachment_11724" align="alignnone" width="720"]
ဇောတိကအပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးခင်လှိုင်က ငွေကျပ်ဆယ်သိန်းနဲ့ ကွန်ပျူတာတစ်စုံကို ပေးအပ်[/caption] [caption id="attachment_11725" align="alignnone" width="720"]
City Mat Holding Co Ltd က အသင်းအတွက် အလှူငွေပေးအပ်စဉ်[/caption]
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း