MONIN Cup Myanmar 2016

MONIN Cup ပြိုင်ပွဲဆိုတာကတော့ ပြည်တွင်းမှာရှိတဲ့ F&B သင်တန်းသူ။သားများနဲ့ Hotel, Restaurant, Bar, Cruises, Coffee Shop တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၇နှစ်အောက် Bartenders တွေ အတွက် အထူးကျင်းပပေးတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ယခု Monin Cup 2016 က မြန်မာပြည်မှာ ကျင်းပတာ ၄ ကြိမ်မြောက်ပါ။ ပထမ Quarto Products Co., Ltd နဲ့ တတိယနှစ်ကတော့ First Class Bar & Bistro မှာ ကျင်းပဖြစ်ခဲ့ပြီး Asia Pacific အဆင့်လောက်ထိဝင်ပြိုင်နိုင်ခဲ့ပါတယ်။

[caption id="attachment_26218" align="alignnone" width="720"]Sensory Judges[/caption]

ပထမအဆင့်အနေနဲ့ Monin Cup Myanmar ရဲ့ Champion ၁ ဦးကို ရွေးချယ်ကြတယ်။ ဒုတိယအဆင့်ပြိုင်ပွဲ Asia Pacific အနေနဲ့ဆိုရင် မလေးရှားမှာပြိုင်ရပြီး ဆက်လက်အနိုင်ရရှိခဲ့မယ်ဆိုရင်၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ ဥရောပအဆင့်အနေနဲ့ ပြင်သစ်နိုင်ငံမှာ ယှဉ်ပြိုင်ရပါမယ်။

အခုလိုပြိုင်ပွဲ ကျင်းပတာဟာ ပြည်တွင်းမှာရှိတဲ့ Bartenders တွေရဲ့ အရည်အချင်းတွေလည်း ထုတ်ဖော်ဖို့နဲ့ နိုင်ငံတကာ အတွေ့အကြုံအသစ်တွေ ပိုရလာစေဖို့ ဖြစ်ပါတယ်။

[caption id="attachment_26221" align="alignnone" width="720"]Winners and Judges[/caption]

ယခုနှစ် ၂၀၁၆ မှာ ကျင်းပပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် MONIN Cup ပြိုင်ပွဲမှာ Champion ဆုကို Belmond Governor’s Residence မှ မဟေမာန်တင်လတ်မှ ရရှိခဲ့ပြီး ၊ 1st Runner-up အဖြစ် Black Hat Wine Bar မှ Mr. Ricky Enzo ၊ 2nd Runner-up Royal Thai Restaurant မှ မောင်ရဲသူဝင်းတို့မှ ရရှိခဲ့ပါတယ်။

[caption id="attachment_26220" align="alignnone" width="720"]Champion (Ms. Hay Mun Tin Latt)[/caption]

Champion ဆုရရှိခဲ့တဲ့ Belmond Governor’s Residence မှ မဟေမာန်တင်လတ်ကတော့ Sep 2016 မှာ Malaysia နိုင်ငံ Kuala Lumpur မှာ ကျင်းပမဲ့ Asia Pacific Final သို့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

[caption id="attachment_26217" align="alignnone" width="720"]Cocktail Display 1[/caption]

[caption id="attachment_26216" align="alignnone" width="720"]Cocktail Display 2[/caption]