mjamsmusic Application  မိတ်ဆက်ပွဲ


mjamsmusic Application မိတ်ဆက်ပွဲကို ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၇ ရက်က ရန်ကုန်မြို့ရှိ Novotel  ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

 mjamsmusic  ဟာ ကိုယ်နှစ်သက်ရာ ပြည်တွင်းနဲ့ Universal Music Group  ရှိ နိုင်ငံတကာ တေး သီချင်းတွေကို တိုက်ရိုက်ဖမ်းယူနားဆင်နိုင်တဲ့ Application  တစ်ခုဖြစ်ပါတယ်။ mjams ကို Mobi Media ထုတ်လုပ်ထားပြီး လက်ရှိနိုင်ငံပေါင်း ၂၀ ကျော်မှာ ရှိနေပြီ ဖြစ်ပါတယ်။ mjams App  ကို Ooredoo Sim Card  အသုံးပြုသူတွေအနေနဲ့ Ooredoo Zone နဲ့ Google Play Store  တို့ကနေ ရယူနိုင်ပြီး ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ Live Streaming Music  တွေကို နားထောင်နိုင်မှာဖြစ်ပါတယ်။ mjams ကနေ သီချင်း တွေကို Ooredoo Sim Card  အသုံးပြုတဲ့ Smart Phone Android Version 4.0 နဲ့ အထက်ဖုန်းတွေကို ကိုင် ဆောင်ထားတဲ့လူတွေ နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒီ App  ကို ကိုယ့်ရဲ့ဖုန်းထဲမှာ Install  လုပ်ပြီးတာနဲ့ ကိုယ့်ရဲ့ Ooredoo ဖုန်းနံပါတ်နဲ့ Register  လုပ်ရမှာဖြစ် ပါတယ်။ သီချင်းတွေ နားထောင်ဖို့အတွက် mjams  က တစ်ပတ်ကို ၆၀၀ ကျပ် ဖုန်း Bill  ထဲက ဖြတ်သွား မှာဖြစ်ပါတယ်။ ဒီ App  ကို သုံးတာကြောင့် သုံးစွဲသူ တွေဟာ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သီချင်းတွေ ကို တရားဝင် အနုပညာကြေးပေးပြီး နားထိုင်လို့ရတဲ့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ နောက်ပြီး Stream-ing App  ဖြစ်တဲ့အတွက်ကြောင့် Download  ဆွဲစရာမလိုဘဲ နားထောင်နိုင်တဲ့အတွက် ဖုန်း Storage  က အခက်အခဲဖြစ်မှာမဟုတ်တော့ပါဘူး။ အင်တာနက် ဖွင့်ပြီး mjams  ကို Click  လုပ်လိုက်တာနဲ့ သီချင်းတွေ  နားထောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

5

4 3 2