Mix Restaurant & Bar History

mix1

mix3

ထိုင်းအစားအစာကို အဓိကရောင်းချတဲ့ Mix Restaurant နဲ့ Feel Group တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ Mix Restaurant Myanmar ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက ဆန်းသစ်တဲ့ဒီဇိုင်း၊ ဆန်းသစ်တဲ့လက်ရာတွေနဲ့ ပြင်ဆင်ဖွင့်လှစ်ထားပါတယ်။ ထိုင်းအစားအစာအပြင် တရုတ်၊ ဥရောပနဲ့ နိုင်ငံတကာ အစားအစာတွေကိုပါ ရရှိနိုင်ပါတယ်။ ဆိုင်ရဲ့ ဝန်ဆောင်မှု၊ အဝတ်အစားပုံစံ၊ သန့်ပြန့်မှုနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကအစ Grade အမြင့်ဆုံးတွေပဲ သုံးထားတာကို တွေ့ရပါတယ်။ အစားအစာ ချက်ပြုတ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို နိုင်ငံခြားကတင်သွင်းတာရယ်၊ ဆိုင်အပြင်အဆင်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲထားတာကိုကြည့်ရင် ဈေးနှုန်းသင့်တင့်တဲ့ဆိုင်လို့ ပြောလို့ရပါတယ်။

mix4

mix2

Feel Group အနေနဲ့ နိုင်ငံတကာအဆင့်မီတဲ့ဆိုင်တွေ ဖွင့်ချင်တာရယ်၊ Feel ရဲ့စတိုင်လ်နဲ့ မတူညီတဲ့အစားအစာသစ်တွေကို ဖန်တီးချင်တာကြောင့် Mix Restaurant နဲ့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်တယ်လို့ ဆိုင်မန်နေဂျာ မခင်သိုက်ဌေးက ဆိုပါတယ်။ ဆိုင်အပြင်အဆင်ကိုလည်း ဆန်းသစ်အောင် ဖန်တီးထားပြီး ဆိတ်ငြိမ်မှုကို ခံစားနိုင်ပါတယ်။

mix5

ဆိုင်တည်နေရာ

အမှတ် (၆၈)၊ တော်ဝင်လမ်း၊ ၉ မိုင်၊ ဝိတိုရိယဆေးရုံဝင်းအတွင်း၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉-၂၅၃၀၅၉၉၂၂၊ ၀၉-၂၅၃၀၅၉၉၃၃ တို့ကို ဆက်သွယ်နိုင်ပါတယ်။

အိန်ဂျယ်ကို