![](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-landscape-wartermark-final315.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final3.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
မန္တလေးမှာ Tour guide လုပ်ပါတယ်။ မန္တလေးမှာ Talents & Models သင်တန်းတက်ဖူးတယ်လေ။ ဆရာမ တင်မိုးလွင်နဲ့ အမေကလည်း တိုက်တွန်းတယ်။ ကိုယ်တိုင်ကလည်း Miss တစ်ယောက် ဖြစ်ချင်တယ်။ အဲဒါ ကြောင့် လာပြိုင်တာပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
ပြိုင်ပွဲမဝင်ဖူးလို့ တော်တော်ပြင်ဆင်ရပါတယ်။ ပြီးတော့ မန္တလေးကနေ လာပြိုင်ရတာဆိုတော့ အဝတ်အစားက အစ ဖိနပ်၊ Accessories အားလုံးပေါ့။ ပြင်ဆင်ရတာ တအားလောတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပြီး လုပ်ထားပါတယ်။ပြိုင်ပွဲမှာ ဆုရလာရင်
Miss ရရင်တော့ မြန်မာနိုင်ငံကိုယ်စားပြု Miss ဖြစ်တဲ့အတွက် Miss တစ်ယောက်နဲ့ အညီနေထိုင်ရမယ့် Tourism လုပ်ငန်း လုပ်မှာပါ။ အခုမြန်မာနိုင်ငံမှာ Tourism လုပ်ငန်းကြီးလာတာနဲ့အမျှ Sustainable Tourism ပိုင်းကို ပိုပြီးတော့ လုပ်သွားမှာပါ။အလုပ်အကိုင် အကြောင်းလည်း ပြောပြပါဦး
Tour Guide ကို မန္တလေးနဲ့ ပုဂံမှာ Station tour guide လုပ်ပါတယ်။ ၂၀၁၃ ကနေစပြီး လုပ်တာဆိုတော့ Experience တစ်နှစ်ရှိပါပြီ။![article portrait watermark final2](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final21.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final21.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့အကြောင်းကတော့ နိုင်ငံရဲ့ Miss တစ်ယောက်အနေနဲ့ နိုင်ငံရဲ့တစ်ထောင့်တစ်နေရာကနေ မြူ ၁မှဲ့၊ သဲ ၁ပွင့် အနေနဲ့ ပါဝင်နိုင်မယ်ထင်လို့ လာပြိုင်ဖြစ်တာပါ။ လာမယ့် ၁၇ ရက်နေ့ပွဲမှာညီမ ကစဉ်းစားထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် မဆုံးဖြတ်ရသေးပါဘူး။ Knowledge အတွက် စာဖတ်ပါတယ်။ အွန်လိုင်းကနေလဲ ကြည့်ရ၊ ဖတ်ရပါတယ်။ ဘာသာစကားကတော့ လေ့လာဆဲပါ။ Miss ဖြစ်ရင် နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် လူမျိုးအတွက် အကျိုးပြုနိုင်မယ့် လူတစ် ယောြက်ဖစ်ချင်ပါတယ်။ အဲ့အတွက် အကုန်လုံးကိုအကျိုးပြုနိုင်မယ်ဆိုရင် ဘယ်နေရာကပဲ ပါဝင်ရပါဝင်ရ ပါမယ်။ အကုန်လုံးကို ပါဝင်သွားချင်ပါတယ်။![article portrait watermark final20](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final201.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final20.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ပြိုင်ပွဲဝင်ပြိုင်ရတာကတော့ အဓိက ဒီပြိုင်ပွဲတွေက နာမည်ရအောင် မွေးထုတ်ပေးတယ်လေ။ နိုင်ငံ့ဂုဏ်ဆောင် လည်း ဖြစ်တယ်။ ညီမကတော့ နိုင်ငံဂုဏ်ဆောင်နိုင်တဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း လုပ်ချင်တယ်။ မိဘမဲ့ကလေးတွေကိုလဲ လှူချင်တယ်။ ပြီးတော့ ညီမ ခရီးထွက်ရတာတွေကို ကြိုက်လို့ ဝင်ပြိုင်ဖြစ်တာပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် လှပအောင်လုပ်ရမယ်။ ပြီးရင် လမ်းလျှောက်ကျင့်မယ်။ Talent အတွက် ညီမကတော့ မြန်မာဆီမီးခွက်အကကို ကဖို့ စီစဉ်ထားပါတယ်။ပြိုင်ပွဲမှာ ဆုရလာရင်
ဒီပြိုင်ပွဲမှာဆုရရင်တော့ ကိုယ့်နိုင်ငံကို အကျိုးပြုရတဲ့လူ ဖြစ်ချင်တယ်။ အဲဒီရည်ရွယ်ချက်အတွက် ဝင်ပြိုင်ခဲ့တာ ပါ။![article portrait watermark final18](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final181.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final19.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ပြိုင်ပွဲဝင်ပြိုင်တဲ့ အဓိကအကြောင်းရင်းက အတွေ့အကြုံအများကြီး ရချင်လို့ပါ။ ပြီးတော့ လူအများနဲ့လည်း ပေါင်းသင်းဆက်ဆံတတ်လာမယ်။ MTF ကလုပ်တဲ့ ခရီးသွားလုပ်ငန်းကိုလည်း စိတ်ဝင်စားလို့ပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
အဓိကတော့ စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ နောက်ပြီး Talent Show တွေလည်း ပြရ မယ်ဆိုတော့ အချိန်က သိပ်မရပေမဲ့ အကောင်းဆုံးလုပ်ဖို့ စဉ်းစားထားပါတယ်။ နောက်ဆုံးပြိုင်ပွဲမှာ အကောင်း ဆုံး ယှဉ်ပြိုင်သွားမှာပါ။ပြိုုင်ပွဲမှာ ဆု ပိုင်ဆိုင်ခဲ့ရင်
Miss ဆုသာ ရခဲ့ရင် MTF နဲ့အတူ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်မှာပါ။ နိုင်ငံအကျိုးပြုလုပ်ငန်းတွေကို လည်း လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားပါတယ်။![article portrait watermark final119](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final119.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final18.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒါက ကိုယ့်မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံခြားကို သွားရောက်ယှဉ်ပြိုင်ရမှာ လည်း ဖြစ်တယ်။ ပြီးတော့ ကိုယ့်မြန်မာနိုင်ငံအကြောင်းတွေကို တခြားနိုင်ငံတွေကို Share လုပ်ရမယ်။ ကိုယ့်နိုင်ငံရဲ့ကောင်းကြောင်းတွေ ကို ပြသပြီး ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးစားသွားနိုင်တယ်လို့ ယုံကြည်ချက်ရှိတဲ့အ တွက် ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ပြိုင်ပွဲအပေါ်မှာ ကိုယ့်ရဲ့မျှော်လင့်ချက်
ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ ဆုရသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေပါ။ ညီမတို့တွေ ကြိုးစားအားထုတ်မှုတွေ တခြားမောင်လေးတွေ၊ ညီမလေးတွေ တွေ့ရှိပြီး သူတို့တွေရဲ့စိတ်ထဲမှာ ဒီလိုအစ်မတွေတောင် ပရဟိတတွေ လုပ်နေတာပဲ။ ငါတို့လည်း ဒီလိုလုပ်ကြမယ်ဆိုရင် ကိုယ့်မြန်မာနိုင်ငံတိုးတက်မှာပဲဆိုတဲ့ Message တွေ ရမယ် ဆိုရင် ကျွန်မ ကျေနပ်ပါတယ်။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
ကျွန်မအနေနဲ့ အမှန်အတိုင်းပြောရရင် အရည်အချင်းတွေက Perfect ကြီးတော့ မဖြစ်ပေမဲ့ Photo Shoot ပိုင်း ကော၊ Talent ပိုင်းမှာပါ အကောင်းဆုံး ကြိုးစားသွားမှာပါ။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
ဆုရခဲ့ရင် မနန်းခင်ဇေယျာ၊ မဂုဏ်ရည်အေးကျော်တို့လို ကြိုးစားချင်တယ်။ သူတို့လို ပရဟိတလုပ်ငန်းတွေ လုပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ချင်ပါတယ်။![article portrait watermark final21](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final211.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final211.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
၁၀ တန်းအောင်ပြီးတော့ တီချယ်တင်မိုးလွင်ဆီမှာ မော်ဒယ်သင်တန်းတက်တယ်။ တီချယ်က ဒီပြိုင်ပွဲကို ဝင်ပြိုင် ကြည့်ပါ။ အသက်ငယ်တာ ကြီးတာက ကိစ္စမရှိပါဘူးတဲ့။ အရပ်ကလည်း မီနေတော့ ဝင်ပြိုင်ရာကနေ Top 20 အထိပါလာတာပါ။ ဆရာမကြောင့် ဝင်ပြိုင်ဖြစ်တာပေါ့။ တီချယ်ဆီမှာ သင်တန်းတက်ပြီးတော့ အခုမှ First Experience ပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
အခုနောက်ပိုင်း The World heritage Website ကို ဖတ်ဖြစ်လာတယ်။ အင်္ဂလိပ်လိုကို ဖတ်ဖြစ်တယ်။ ကိုယ်နားမလည်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကိုယ်နားလည်အောင် ပြန်ဖတ်တယ်။ အခုဆိုရင် အတွေ့ အကြုံတွေ အများကြီးရတယ်။ လာပြိုင်တဲ့လူတွေက Miss Universe ပြိုင်ပွဲဝင်ခဲ့ဖူးတဲ့သူတွေလည်း ပါတယ်။ အဲဒီတော့ သူတို့ဘယ်လိုနေတယ်၊ ထိုင်တယ်၊ ဘယ်လိုပြောတယ်ဆိုတာတွေ အကုန်လုံးကိုသင်ယူဖြစ်တယ်။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
တကယ်လို့ ပြိုင်ပွဲမှာဆုရသွားရင်တော့ ပရဟိတမှာ အသံလှူချင်တယ်။ အရင်ငယ်ငယ် ခုနစ်တန်းလောက် တုန်းက အစ်မက ကျွန်မကို ခဝဲခြံမှာ အသံလှူပါဖို့ ခေါ်သွားဖူးတယ်။ သူတို့က အသက်ကြီးနေပြီဆိုတော့ အသံလှူလို့ ရတယ်။ ကျွန်မအသံက ကလေးသံ ဖြစ်နေတယ်။ အခု ဒီနောက်ပိုင်းတော့ အားတဲ့ရက်တွေကျရင် တော့ ခဝဲခြံမှာ သွားပြီး အသံလှူချင်တယ်။ အသံလှူတယ်ဆိုတာက သိပ်မသိကြဘူး။ မျက်မမြင်တွေအတွက် ကိုယ်က စာဖတ်ပြမယ်။ သူတို့ဗဟုသုတရတဲ့အတွက် ကိုယ်က ကုသိုလ်ရပါတယ်။![article portrait watermark final118](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final118.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final17.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒီပြိုင်ပွဲကို ဝင်ပြိုင်တာက ကိုယ်မှာရှိတဲ့ ပင်ကိုယ်အရည်အသွေးတွေနဲ့ ဒီပြိုင်ပွဲကပေးတဲ့ ဗဟုသုတတွေကို ပေါင်းလိုက်ရင် ဒီထက်တိုးတက်လာမယ်လို့ ယုံကြည်ထားလို့ပါ။ ပြိုင်ပွဲမှာအကောင်းဆုံးကြိုးစားသွားမှာပါ။Miss Myanmar International 2014 ဆု ပိုင်ဆိုင်ခဲ့ရင်
Miss ရရင် ဒီ Organization နဲ့အတူ နိုင်ငံအကျိုးပြုလုပ်ငန်းတွေလုပ်ရင်း ညီမတို့နိုင်ငံကို ပိုသိလာအောင် လက်တွဲပူးပေါင်း လုပ်ကိုင်သွားမှာပါ။![article portrait watermark final12](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final121.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final12.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒီပွဲကို ပြိုင်ဖြစ်တဲ့အကြောင်းအရင်းကတော့၊ မနန်းခင်ဇေယျာတို့ မဂုဏ်ရည်အေးကျော် တို့ ပြိုင်တာကြည့်ပြီးကတည်းက ပြိုင်ချင်ပေမဲ့ အသက်မပြည့်သေးလို့ Preparation တွေပဲ လုပ်ခဲ့တယ်။ အခု ၁၈ နှစ်ပြည့်တော့ ဝင်ပြိုင်ဖြစ်တာပါ။ ဒီပွဲကို သဒ္ဒါက အရင်ကတည်းက စိတ်ဝင်စားတဲ့ပွဲလည်း ဖြစ်တယ်။ တိုင်းပြည်ကိုလည်း ချစ်တယ်။ တိုင်းပြည်ဂုဏ်ဆောင်ချင်တဲ့အတွက် ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
Catwalk ပိုင်းပြီးတော့ Beauty ပိုင်း၊ Beauty မှာကလည်း မျက်နှာအလှတွေတင်မက စိတ်ထားအလှကိုပါ ပြင်ဆင်ထားတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ဘယ်လိုဆက်ဆံရမယ်၊ စိတ်ထားဘယ်လိုထားရမလဲ။ ပြီးတော့ Knowledge ပိုင်းတွေကို သဒ္ဒါဆက်လက်ပြီးတော့ လေ့လာနေပါတယ်။ Talent ကတော့ သဒ္ဒါသီချင်းဆိုဖို့ များပါတယ်။ အင်္ဂလိပ်သီချင်း၊ ဒါမှမဟုတ် မြန်မာ သီချင်း ဆိုဖြစ်မှာပါ။ အခုထိတော့ ရွေးနေတုန်းပါပဲ။ပြိုင်ပွဲအပေါ်မှာ ကိုယ့်ရဲ့မျှော်လင့်ချက်
အကယ်၍ ဘုရားကလည်း ဒီဆုပေးမယ်၊ သဒ္ဒါကလည်း ရခဲ့မယ်ဆိုရင်ပေါ့။ Miss Myanmar International 2014 ဆုကိုရရှိခဲ့မယ် ဆိုရင်တော့ သဒ္ဒါက တိုင်းပြည်အကျိုးပြုတဲ့အလုပ်တွေ လုပ်ချင်ပါတယ်။ ပရဟိတကတော့ အရင်ကတည်းက လုပ်ဖြစ်ပါတယ်။ အခုလည်း ဆက်လက်လုပ်သွားမယ်။ တိုင်းပြည်အနေနဲ့ပြောရရင်တော့ တိုင်းပြည်ကို ကမ္ဘာက သိအောင် ပြချင်ပါတယ်။![article portrait watermark final15](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final151.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final15.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒီပြိုင်ပွဲကို မြန်မာနိုင်ငံရဲ့ကိုယ်စားပြု မိန်းကလေးအနေနဲ့ရော၊ စည်းကမ်းတကျနေထိုင်တဲ့ မိန်းကလေးဖြစ်ချင် လို့ပါ။ ကိုယ့်ဘဝကိုတိုးတက်အောင်လုပ်ဖို့ရယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ပရဟိတလုပ်ငန်းတွေကိုလည်း ပူးတွဲဆောင် ရွက်ချင်လို့ လာပြိုင်ရခြင်းဖြစ်ပါတယ်။ အခုလို ဆန်ကာတင် ၂၀ ထဲမှာပါမယ်လို့လည်း လုံးဝမထင်ထားတာပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
ပြိုင်ပွဲအတွက် ပြောရမယ်ဆိုအရင်ဆုံးတော့ အင်္ဂလိပ်စာ ကြိုသင်ထားပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲအကြောင်းသိတာ နောက်ကျတော့ အချိန်သိပ်မရတဲ့အတွက် အလောတကြီး ဖြစ်သွားပါတယ်။ ပြီးတော့ Body Fitness တွေ လည်း ကြိုလေ့ကျင့်ထားပါတယ်။ Talent ကတော့ မြန်မာအကလောက်ပဲ ကဖြစ်ပါမယ်။ သူများတွေ ပတ္တလားတီးတာ၊ စန္ဒရားတီးတာတွေ မလုပ်ပြနိုင်တဲ့အတွက် ငယ်ငယ်ကတည်းက တတ်တဲ့ မြန်မာအကနဲ့ပဲ ဖျော်ဖြေသွားပါမယ်။ သြင်္ကန်သီချင်း၊ ဒါမှမဟုတ် မြန်မာသီချင်းနဲ့ဖြစ်ဖြစ်ပါ။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
ပြိုင်ပွဲမှာဆုရခဲ့ရင် ဆုကြေး သုံးပုံတစ်ပုံကို ပရဟိတလုပ်ငန်းတွေ လုုပ်ချင်တယ်။ သမီးလှူချင်တဲ့နေရာတွေ အများကြီးရှိတယ်။ အရင်ဆုံး သမီးအမေ့ကိုရလာတဲ့ ပိုက်ဆံနဲ့ ကန်တော့ချင်ပါတယ်။ သမီးရဲ့ ပထမဆုံး လစာဖြစ်တယ်လေ။ အဲ့ဒါကြောင့် အမေ့ကိုအရင်ဆုံးကျေးဇူးဆပ်ချင်တဲ့ သဘောပါ။ Model အလုပ်ကိုလည်း ဝါသနာပါ ပါတယ်။ လအနည်းငယ်နဲ့ ဝင်ပြိုင်ခွင့်ရလို့လည်း အင်မတန်ကို ပျော်ပါတယ်။![article portrait watermark final16](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final161.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final16.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒီပြိုင်ပွဲက ပထမဆုံးနိုင်ငံခြားကို စေလွှတ်တဲ့ပွဲဖြစ်တယ်လေ။ အဲဒါကြောင့်မို့ ဝင်ပြိုင်တာပါ။ ပြီးတော့ မြန်မာနိုင်ငံ အတွက် အကျိုးပြုတဲ့သူတစ်ယောက်လည်း ဖြစ်ချင်လို့ပါ။ပြိုင်ပွဲအတွက် ပြင်ဆင်ထားတာတွေက
ဒီပြိုင်ပွဲက အရည်အချင်း၊ အရည်အသွေးရှိတဲ့ Miss တစ်ယောက်တည်းကိုပဲ ရွေးချယ်တာမို့ ဗဟုသုတတွေ လေ့လာ တယ်။ အင်္ဂလိပ်စာလည်း အားနည်းတဲ့အတွက် အင်္ဂလိပ်စာပိုင်းကို လေ့လာထားပါတယ်။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
ဆုရရင်တော့ အရင်ဆုံးဆုရတဲ့ ငွေကြေးနဲ့ မိဘအတွက် တစ်ခုခု လုပ်ပေးချင်ပါတယ်။ Myanmar Tourism Federation နဲ့ လက်တွဲပြီးတော့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်။![article portrait watermark final7](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final72.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final7.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
အကြောင်းအရင်းကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေရချင်တာရယ်၊ Miss တစ် ယောက်အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်ချင်လို့ပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
မြန်မာနဲ့ ပြင်သစ်စကားကို ပြောတတ်ပါတယ်။ ဒါပေမဲ့ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်အောင် ပြင်ဆင်ထားရမှာပါ။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
ကျွန်မ တကယ်ပျော်ရွှင်မိမှာပါ။ မိဘမဲ့ကလေးတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့ အစည်းတွေကို ကူညီခြင်းအားဖြင့် ကျွန်မရဲ့ပျော်ရွှင်မှုတွေကို ဝေမျှသွားမှာပါ။![article portrait watermark final5](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final51.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final5.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒီပြိုင်ပွဲကအင်မတန်ကိုကောင်းလို့လည်း ယှဉ်ပြိုင်ခဲ့တာပါ။ ညီမက ပြိုင်ပွဲအတွေ့အကြုံကလည်း သိပ်မရှိ သေးဘူး။ အစွမ်းကုန် ကြိုးစားနေပါတယ်။ ညီမကိုလည်း အားပေးပါဦးလို့ ပြောချင်ပါတယ်။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
ညီမအနေနဲ့ Miss တစ်ယောက်ဖြစ်ရင် ရလာတဲ့ဆုငွေတွေနဲ့ ပရဟိတလုပ်မယ်။ ဘာသာရေး၊ သာသနာရေးအကုန်လုံးကို ပံ့ပိုးကူညီမယ်လို့ စဉ်းစားထားပါတယ်။![article portrait watermark final10](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final102.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final10.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဒီပွဲကိုမြင်လိုက်တော့ အင်မတန် ခက်ခဲတယ်။ ပွဲမှာ Knowledge အစ အကုန်မေးတော့ ကိုယ့်အတွက်လည်း အကျိုးရှိခဲ့တဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ ယုံကြည်လို့ လာရောက်ယှဉ်ပြိုင်တာပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
ဒီပွဲအတွက်ကတော့ ကိုယ့်အနေနဲ့ ဘယ်လို Challenge တွေ လာမယ် မသိပါဘူး။ ဖိုင်နယ်မှာတော့ ခေါင်းစဉ်က Tourism နဲ့ ပတ်သက်တဲ့အကြောင်းဆိုတော့ အဓိကအားဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်းတွေကို လေ့လာဖြစ်ပါတယ်။ Talent အတွက်တော့ မြန်မာအက ကဖို့ ရှိပါတယ်။ပြိုင်ပွဲအပေါ်မှာ ကိုယ့်ရဲ့မျှော်လင့်ချက်
ဆုရရင်တော့ မြန်မာနိုင်ငံကိုယ်စားပြုဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပုံရိပ်အနေနဲ့လည်း ဖြစ်မှာပါ။ Miss တစ် ယောက်အနေနဲ့လည်း နိုင်ငံတွင်းမှာရော ပြည်ပမှာပါ လုပ်စရာတွေ အများကြီးရှိပါတယ်။ ပြည်ပကို ရောက်ရင်လည်း ကိုယ့်မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ သွားရတဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ Culture, traditional ပြီးတော့ Economic ပိုင်းတွေကို လိုက်ရှင်းပြရမယ်။ ပြီးတော့ တခြားအနေနဲ့လည်း ကိုယ့်နိုင်ငံကို လေးစား လာအောင် မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲဆိုတာကိုပါ သိလာအောင် ရှင်းပြဖို့အတွက် ကိုယ့်မှာအများကြီး တာဝန်ရှိပါတယ်။ ပြီးတော့ ပြည်တွင်းမှာဆိုရင်လည်း ပရဟိတလုပ်ငန်း၊ မိဘမဲ့ကလေး၊ သက်ကြီးရွယ်အိုတွေလည်း ရှိတယ်။ သူတို့တွေကိုလည်း ကိုယ်တတ်နိုင်သလောက် Physicalရော Mental ကိုပါ သွားရောက်မြှင့်တင် ပေးချင်ပါတယ်။ ဒါကလည်း ကျွန်မတစ်ယောက်တည်းနဲ့ မလုပ်နိုင်လို့ တတ်အားသရွေ့ တခြားသူတွေလည်း ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်။![article portrait watermark final9](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final92.png)
![](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final9.png)
ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံ
ဝင်ပြိုင်ဖြစ်တဲ့အကြောင်းက ညီမတို့ထက် အရင်ဝင်ပြိုင်တဲ့ မနန်းခင်ဇေယျာ၊ မဂုဏ်ရည်အေးကျော်တို့ကို အင်မတန်အားကျတယ်။ သူတို့က နိုင်ငံအတွက် အကျိုးပြုတဲ့အမျိုးသမီးတွေ ဖြစ်ခဲ့တယ်လေ။ ကိုယ်လည်း အဲဒီလိုထဲမှာ ပါဝင်ချင်တဲ့အတွက်ကြောင့်ရယ်၊ ကိုယ့်နိုင်ငံအတွက် ပရဟိတလုပ်ငန်းတွေ၊ နိုင်ငံအကျိုးပြုလုပ် ငန်းတွေလည်း လုပ်ချင်တဲ့အတွက် ဒီပြိုင်ပွဲဝင်ပြိုင်တာပါ။ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေက
ဒီပြိုင်ပွဲအတွက် လိုအပ်တဲ့ Knowledge တွေ၊ လမ်းလျှောက်တာတွေ၊ Dance တွေ အားလုံးပြင်ဆင်ခဲ့ပါတယ်။Miss Myanmar International ဆု ပိုင်ဆိုင်ခဲ့ရင်
တကယ်လို့ ပြိုင်ပွဲမှာဆုရခဲ့မယ်ဆိုရင်တော့ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် လုပ်ငန်းတွေ လုပ်ချင်တယ်။ ကိုယ့်မြို့အတွက်ကော၊ နိုင်ငံအတွက်ပါ အကျိုးပြုလုပ်ငန်းတွေ ဆက်လုပ်ချင်ပါတယ်။OKK
![article portrait watermark final1](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final19.png)
![people portrait water mark final1](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final1.png)
![article portrait watermark final6](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final61.png)
![people portrait water mark final6](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final6.png)
![article portrait watermark final14](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final141.png)
![people portrait water mark final14](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final14.png)
![article portrait watermark final13](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final131.png)
![people portrait water mark final13](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final13.png)
![article portrait watermark final8](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final82.png)
![people portrait water mark final8](http://www.ceo-myanmar.com/wp-content/uploads/2014/08/people-portrait-water-mark-final8.png)
![article portrait watermark final](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final18.png)
![article portrait watermark final17](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final171.png)
![article portrait watermark final11](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final112.png)
![article portrait watermark final4](http://www.ceo-myanmar.com/wp-content/uploads/2014/08/article-portrait-watermark-final42.png)