တတိယအကြိမ်မြောက်ကျင်းပတဲ့ Miss Myanmar International 2014 နောက်ဆုံး Final ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်အယောက် ၂၀ က မြန်မာ့ရိုးရာဝတ်စုံ၊ Swimming Suite ၊ Evening Gown ဝတ်စုံတွေနဲ့ တစ်ဦးချင်း ယှဉ်ပြိုင်ခဲ့ကြပြီး ဇူဇူးမြင့်လွင်၊ မေဘရဏီသော်၊ ခင်ဝေဖြိုးနိုင်၊ သဒ္ဒါမာရီယာ၊ ခင်ရတနာသိန်းမြင့်၊ ဂျေနော၊ အိမ့်မြတ်နိုး၊ ဗစ်တိုးရီးယား၊ ဟေဇယ်နီနီထွန်း၊ အိနုဝေတို့က နောက်ဆုံးဆန်ကာတင် ဆယ်ဦးအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ Miss Myanmar International 2014 ရဲ့ Title ဆုတွေထဲက Miss Talent ဆုကို သိမ့်ခန့်သော်၊ Miss Photogenic ဆုကို မေဘရဏီသော်၊ Miss Beauty & Health ဆုကို အိနုဝေတို့က ရရှိခဲ့ပါတယ်။ အဲဒီနောက် နောက်ဆုံး Top Three အဆင့်ကို ခင်ဝေဖြိုးဟန်၊ မေဘရဏီသော်နဲ့ သဒ္ဒါမာရီယာတို့က တက်လှမ်းခဲ့ပြီး Miss Myanmar International 2014 ဆုကို ခင်ဝေဖြိုးဟန်၊ First Runner Up ဆုကို မေဘရဏီသော်နဲ့ Second Runner Up ဆုကို သဒ္ဒါမာရီယာတို့က အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကို Myanmar Tourism Federation က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွက် Miss Myanmar International ဆုကို နန်းခင်ဇေယျာ၊ ၂၀၁၃ ခုနှစ်မှာတော့ Miss Myanmar International ဆုကို ဂုဏ်ရည်အေးကျော်တို့က ဆွတ်ခူးရရှိခဲ့ဖူးကြပါတယ်။ [caption id="attachment_14091" align="alignnone" width="423"] Miss International 2013 သရဖူပိုင်ရှင် Bea Santiago နှင့် ဂုဏ်ရည်အေးကျော်တို့တက်ရောက်[/caption]