Mindset by Carol Dweck
Stanford Universtiy က စိတ်ပညာရှင် Dweck ဟာ ၂၀၁၆ ခုနှစ်မှာ Mindset ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြီး မိဘတွေ၊ ပညာရေးဆိုင်ရာကျွမ်းကျင်သူတွေကြားမှာ အတွေးလှိုင်းတွေ ဖန်တီးခဲ့ပါတယ်။ မကြာခင်ကပဲ သူဟာ သူ့ရဲ့အိုင်ဒီယာကို စီးပွားရေးလောကမှာပါ အသုံးချလို့ရတယ်ဆိုတာကို ပြသခဲ့ပြီး Zenger/Folkman ရဲ့ President ဖြစ်သူ Joe Folkman ကလည်း ဒီစာအုပ်ဟာ သူအနှစ်သက်ဆုံးစာအုပ်ဖြစ်တယ်လို့ ဖွင့်ပြောခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ Dweck အကြံပေးထားတာက ကျွမ်းကျင်မှုဆိုတာ တစ်သမတ်တည်းပဲဖြစ်တယ်လို့ ပုံသေစိတ်ထားရှိသူထက် တိုးတက်လိုစိတ်ရှိသူဟာ ကြိုးကြိုးစားစားအလုပ်လုပ်ပြီး ပါရမီနဲ့စွမ်းရည်တွေ တိုးတက်အောင်လုပ်ကာ ပိုပြီးအောင်မြင်အောင် လုပ်လို့ရတယ်ဆိုပြီးတော့ ပြောထားပါတယ်။ မန်နေဂျာတွေအတွက်ဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေကို သင်ယူလေ့လာစေပြီး တိုးတက်အောင်လုပ်ဖို့ အားပေးကာ သူတို့မှာရှိတဲ့ ဖြစ်ထွန်းနိုင်မှုတွေကို အာရုံစိုက်အလေးပေး၊ တွန်းအားပေးဖို့ဖြစ်ပါတယ်။