Microsoft က CEO အသစ်ကို လာမယ့်နှစ်အစောပိုင်းမှာ ခန့်အပ်ဖွယ်ရှိ

microsoft post Microsoft ရဲ့ လက်ရှိ CEO Steve Ballmer ဟာ နောက်လာမယ့် တစ်နှစ်အတွင်း သူအနားယူတော့မယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့နေရာအတွက် အစားထိုးမယ့်သူကို Microsoft က ၂၀၁၄ ခုနှစ် အစောပိုင်းမှာ ခန့်အပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဘုတ်အဖွဲ့ ဒါရိုက်တာ John Thompson က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရွေးချယ်ရေး ကော်မတီဟာ လူ ၁၀၀ ထဲကမှ စိစစ်ရွေးချယ်မှာ ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ စီးပွားရေး တစ်ခုကို တာဝန်ယူရမယ့်သူဟာ နည်းပညာအရမ်း အဆင့်မြင့်တဲ့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နိုင်သူ၊ ထိပ်တန်းနည်းပညာ အစွမ်းအစရှိသူတွေနဲ့ ပူးတွဲ လုပ်ကိုင်ရ မယ့်သူ ဖြစ်ပါတယ်လို့ Microsoft ဥက္ကဋ္ဌ Bill Gates က နိုဝင်ဘာလတုန်းက ရှယ်ယာရှင် အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။ Ref: AP